APM ၊ အောက်တိုဘာ ၃/၂၀၂၂
မြောက်ဦးမြို့မှာ ဒေနိ(အောက်တိုဘာ ၃ ရက်နိ) မိုးထ ၁၀ နာရီခန့်၌ အပြစ်မဲ့အရပ်သားပြည်သူ တယောက်ကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးလားကြောင်း သိရသည်။
အဖမ်းခံရသူမှာ မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်၊ ဘားဘူတောင်မှ ဦးဘကျော်(ခ) ဦးမောင်မြသိန်း(၅၉နှစ်)ဖြစ်သည်။
သူသည် မြောက်ဦးမြို့မဈီးကြီးတွင်ဆီးဆိုင်ဖွင့်လှစ်ရောင်းချနီသူဖြစ်ပြီး ဒေနိမိုးထ ၁၀ နာရီအချိန်ခန့်၌ မြောက်ဦးအခြီစိုက် စစ်ကောင် စီတပ် ခမရ (၃၇၇)တပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းလျက် ဆိုင်ထဲသို့ ဝင်ရောက်ဖမ်းဆီးကာ ခမရ(၃၇၇) တပ်ရင်းသို့ ယူဆောင် လားခကြောင်းသိရသည်။
ကုန်ခသည့် စပ်တမ်ဘာ ၂၉ ရက်နိကလေ့ စစ်ကောင်စီတပ်သည် မြောက်ဦးမြို့နယ် မောင်းဆွဲရွာနန့် အနားဝန်းကျင် ကျေးရွာများမှ အပြစ်မဲ့ပြည်သူ ၂၉ ယောက်ကို ဖမ်းဆီးခသိမ့်သည်။
ယင်းဖမ်းဆီးခံရသူများကို ရိုက်နှက်စစ်ဆီးမှုများပြုလုပ်ပြီးနောက် ၂၉ ယောက်ထဲမှ ၂၈ ယောက်ကို ပြန်လွတ်ပီးလိုက်ကေလေ့ ကျန်တယောက်ဖြစ်သည့် မောင်းဆွဲရွာမှ ဦးဝင်းနိုင်ကိုတော့ လက်ဟိအချိန်ထိ ပြန်လွတ်ပီးခြင်းမဟိသိမ့်ဘဲ မြောက်ဦးအခြီစိုက် စစ်ကောင်စီတပ် ခမရ(၃၇၈) တပ်ရင်းတွင် လူမဆန်စွာ ရက်ရက်စက်စက် ရိုက်နှက်နှိပ်စက် စစ်ဆီးမီးမြန်းမှုများ ဆက်လက် ပြုလုပ် နီကြောင်း သိရသည်။
ယင်းနည်းတူ ကုန်ခသည့် စပ်တမ်ဘာ ၂၅ ရက်နိကလေ့ မြောက်ဦးမြို့၊ဝါဈီးရပ်ကွက်မှ ဦးကျော်သန်းလှိုင် နန့် ဦးသန်းထွန်းရို့ ညီအစ်ကို ၂ ယောက်ကို ခမရ (၃၇၇)၊ ခမရ(၃၇၈) တပ်ရင်းမှ တပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ ပူးပေါင်း၍ ဖမ်းလားခသိမ့်သည်။
ယင်းအပြင် ကုန်ခသည့် စပ်တမ်ဘာ ၄ ရက်နိကလေ့ မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်မှ လူသိများသော ကိုရင်ဆို့(ခ) ကိုကျော်ဇံဝေကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းယူလာခသိမ့်သည်။
ထို့ကြောင့် မြောက်ဦးမြို့နယ်တွင် စပ်တမ်ဘာ ၄ ရက်နိကနီ ဒေနိ(အောက်တိုဘာ ၃ ရက်နိ) အထိ တလအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသည့် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၇ ယောက်ထက်မနည်း ဟိနီကြောင်းလေ့ သိဟိရပါသည်။
(Zawgyi)
မြောက်ဦးမြို့မှ အပြစ်မဲ့ပြည်သူ တယောက်ကို စစ်ကောင်စီတပ် ထပ်ဖမ်းပြန်
APM ၊ အောက်တိုဘာ ၃/၂၀၂၂