APM ၊ ဂျန်နဝါရီ ၃/ ၂၀၂၄
ကျောက်တော်မြို့နယ်၊တင်းမရွာနားဟိ စစ်ကောင်စီတပ် အခြီချ “တောင်ရှည်တောင်ဗျူဟာကုန်း”ကို အပြီးအပြတ် သိမ်းပိုက်ရဟိဖို့အတွက်ရက္ခိုင့်တပ်တော်(AA)ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နီရေလို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ဂျန်နဝါရီ ၂ ရက်နိထုတ်ပြန်ရေ ၎င်းရို့၏စစ်သတင်းထုတ် ပြန်ချက်မာ ဖော်ပြပါရေ။
ယင်း ထုတ်ပြန်ချက်ထဲမာ ” ဒေနိတွင်လည်း ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တင်းမရွာအနားဟိ စစ်ကောင်စီအခြီချ “တောင်ရှည်တောင် ဗျူဟာကုန်း” အား ရက္ခိုင့်တပ်တော်(AA) မှ အလုံးစုံ သိမ်းပိုက်ရယူရီးအတွက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ဟိသည်” လို့ ထည့်သွင်းဖော်ပြထား ပါရေ။
ယင်း ဗျူဟာကုန်း မကျရီးအတွက် ရန်သူ စစ်ကောင်စီစွာ ဂျက်ဖိုက်တာ (၂) စီးနန့် လီကြောင်းက အပြင်းအထန်ခုခံကာကွယ်နီရကြောင်း၊ယင်းအပြင်ကျောက်တော်အခြီစိုက် စစ်ကောင်စီ တပ်စခန်းတိကလည်း အတွဲလိုက်ဒုံးတိကို အမြောက်အမြား သုံးပနာ ခုခံကာကွယ် တိုက်ခိုက်နီရကြောင်းလည်း ညီနောင် (၃) ဖွဲ့က ဆိုပါရေ။
ယင်းအပြင် ဒေနိ၊နိခင်း ၁၂နာရီက နိခင်း ၂ နာရီ ၄၅ မိနစ် အတွင်းမာ ကျောက်တော်မြို့နယ်၊ မျောက်တောင် ရွာသို့ အကြမ်းဖက် စစ်ကောင်စီတပ်ကလူမဆန်စွာ ဒရုန်းအသုံး ပြု ဒရော့ဗုံး(Drop Bomb)တိနန့် (၃)ကြိမ်တိုင်တိုင် လာရောက် ကြဲချ တိုက်ခိုက်ခပါရေ။
ယင်းပိုင် နယ်ချဲ့အကြမ်းဖက် ဖက်ဆစ် စစ်တပ်၏ လူမဆန်စွာ ကြဲချလိုက်တေ ဒရော့ဗုံးတိစွာ မျောက်တောင်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီးကေ ၃ နှစ်အရွယ် အချေ တယောက်နန့် ၂၂ နှစ်အရွယ်လူငယ်တယောက် ထိမှန်သီဆုံးခရပနာ ဒေသခံအမျိုးသားတယောက်နန့် အမျိုးသမီး နှစ်ယောက် ပြင်းထန်ဒဏ်ရာတိရလားခရေလို့လည်း ညီ နောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။