
(ရက္ခိုင်ဒေသတွင်းက စစ်ကောင်စီ တပ်စခန်းအားလုံးကိုတခုမကျန် အပြတ်ယှင်းလားဖို့ )
APM၊ ဂျန်နဝါရီ ၃/၂၀၂၄
ပလက်ဝဒေသဟိ စစ်ကောင်စီတပ်၏ “ချင်းလက်ဝစခန်းကုန်း”ကိုရက္ခိုင့်တပ်တော်(AA)က ဂျန်နဝါရီ ၃ရက်နိ သိမ်း
ပိုက်ရယူနိုင်ခကြောင်းညီနောင်မဟာ မိတ်(၃)ဖွဲ့က ဂျန်နဝါရီ ၃ ရက်နိမာ သတင်းထုတ်ပြန်ပါရေ။
ညီနောင်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ “ပလက်ဝအတွင်းဟိ ချင်းလက်ဝစခန်းကုန်းကို ဒေနိ ဂျန်နဝါရီလ(၃) ရက်တွင် သိမ်းပိုက် ရယူနိုင်ခကြောင်း” ထည့်သွင်း ထားပါရေ။
ရက္ခိုင့်တပ်တော်စွာ “ချင်းလက်ဝစခန်းကုန်း”ကို ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၁ရက်နိ စလို့ တိုက်ခပြီး၊ ၃ ရက် အကြာမာ “ချင်း လက်ဝစခန်းကုန်း”ကိုသိမ်းပိုက်နိုင်ခကြောင်း၊ ချင်း လက်ဝ စခန်းထဲက ရန်သူ့လက်နက် ခဲယမ်း၊ စစ်အသုံးအ ဆောင်အမြောက်အမြားသိမ်းဆည်ရမိကြောင်း ညီနောင် သုံးဖော် က ဆိုပါရေ။
လက်ဟိမာ ရက္ခိုင့်တပ်တော်က ပလက်ဝဟိ စစ်ကောင်စီ ၏ တပ်စခန်းတိဖြစ်ကတ်တေ —
(က) ခလရ(၂၃၃)
(ခ) ခမရ(၃၇၄)
(ဂ) ခမရ(၃၇၆)
(ဃ) ခမရ(၃၀၈)
(င) ခမရ(၂၁၁)
(စ) ခမရ(၂၁၇)
(ဆ) ခလရ(၂၈၉)
(ဇ) ခမရ(၂၂၀) ရို့ကို ဂျန်နဝါရီလ(၁) ရက်နိကစလို့ ထိုး စစ်ဆင် တိုက်ခိုက်လျက်ဟိကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ပြောပါရေ။
ယင်းပြင်ရက္ခိုင့်တပ်တော်(AA)က ပလက်ဝဒေသအတွင်း ကျန်နီရေစစ်ကောင်စီ၏ဗျူဟာကုန်းတိကို၂၀၂၄ ဂျန်နဝါရီလ (၁) ရက်နိကစလို့ ပလက်ဝ(၂၈၉) ဗျူဟာကုန်း၊ မီးဝဗျူဟာကုန်းရို့ကို ထိုးစစ်ဆင် တိုက်ခိုက်လျက် ဟိပြီး၊ ပလက်ဝဒေသအတွင်းသာမက ရက္ခိုင်ဒေသ အတွင်းဟိ စစ်ကောင်စီစခန်းတိကို တခုတောင် မကျန် အပြတ်ချေ မှုန်းတိုက်ခိုက်လားဖို့လို့လည်း ညီနောင်(၃)ဖွဲ့ ၏ ထုတ်ပြန်ချက်မာ ထည့်သွင်း ဖော်ပြထားပါရေ။



