APM၊ ဂျန်နဝါရီ ၃ / ၂၀၂၄
ကျောက်တော်မြို့နယ်မာ ဒေနိ(ဂျန်နဝါရီ ၃ ရက်နိ)၊ နိခင်းပိုင်းက နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာအသုံးပြု ဗုံးကြဲချမှုကြောင့် အမျိုးသမီးတယောက်သီဆုံးလားပြီးကေ အချေ ၆ ယောက်အပါအဝင် ၁၂ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရလားကြောင်း သိရပါရေ။
သီဆုံးလားရေအမျိုးသမီးစွာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာက ဒေါ်ခိုင်အေးနု(၃၂ နှစ်)ဖြစ်ပြီးကေ၊ ဒဏ်ရာရလားရေလူတိကတော့ မောင်အဘုချေ(၃ လ)၊ မရွှီယမူ (၂ နှစ်)၊ မောင်မျိုးချစ်အောင်(၂ နှစ်)၊ မောင်မင်းခန့်ကျော်(၄ နှစ်)၊ မောင်အောင်ခိုင်လင်း(၆နှစ်)၊ မခိုင်နုဝါ(၇ နှစ်)၊ မသိန်းဦးနွယ်(၁၈ နှစ်)၊ မခိုင်အေးဆန်း(၂၁ နှစ်)၊ မခိုင်ခိုင်စော(၂၈ နှစ်)၊ ဒေါ်ဦးမေဆန်း(၃၀ နှစ်)၊ ဒေါ်စောနွယ်(၃၁နှစ်)နန့် ဒေါ်ခိုင်ခိုင်ညွှန့်(၃၂ နှစ်)ရို့ဖြစ်ကတ်ပါရေ။
နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီတပ်စွာ ဒေနိ၊နိခင်း ၂ နာရီဝန်းကျင်လောက်မာ အလယ်ကျွန်းရွာကို ဂျက်ဖိုက်တာတစီးနန့်လာရောက်ပြီးကေ ဗုံးနှစ်လုံးကြဲချခရေလို့ ရွာသားတိကပြောပါရေ။
ယင်း ဗုံးနှစ်လုံးစွာ အလယ်ကျွန်းရွာထဲသို့ ကျရောက်ပေါက်ကွဲခလို့ ဒေါ်ခိုင်အေးနုမာ ဗုံးစကျပနာ ဂွင်တိုင်း သီဆုံးလားလို့ ဆိုပါရေ။
ယင်းအပြင် မောင်အဘုချေ၊ မရွှီယမူ၊ မောင်မျိုးချစ်အောင်၊ မောင်မင်းခန့်ကျော်၊ မောင်အောင်ခိုင်လင်း၊ မခိုင်နုဝါ၊ မသိန်းဦးနွယ်၊ မခိုင်အေးဆန်း၊ မခိုင်ခိုင်စော၊ ဒေါ်ဦးမေဆန်း၊ ဒေါ်စောနွယ်နန့် ဒေါ်ခိုင်ခိုင်ညွှန့် ရို့မာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရလားပါရေ။
ဂျန်နဝါရီ ၂ ရက်နိကလည်း ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို စစ်ကောင်စီတပ်က ဒရုန်းအသုံးပြု ဒရော့ဗုံးကြဲချမှုကြောင့် အချေတယောက်အပါအဝင် ၂ ယောက်သီဆုံးလားပြီးကေ ၅ ယောက်ဒဏ်ရာ ပြင်းပြင်းထန် ထန်ရလားခပါသိမ့်ရေ။
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ ယမ်းကားပစ်ခတ်မှုကြောင့် တကျော့ပြန်တိုက်ပွဲစတင်ခရေ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကနီ ဒေနိအထိ ၂ လကျော်ကာလအတွင်း ရက္ခိုင်ပြည်မြို့နယ်အသီးသီးက အပြစ်မဲ့အရပ်သားပြည်သူ ၆၀ နီးပါးသီဆုံးခရပြီးကေ ထိခိုက်ဒဏ်ရာရလူ ၂၀၀ နီးပါးအထိ ဟိလာနီပါရေ။