APM၊ ဂျန်နဝါရီ ၃/ ၂၀၂၃
ဒေနိ(ဂျန်နဝါရီ ၃ ရက်နိ)၊ မိုးထ ၁၁ နာရီ ၅၀ မိနစ်မာ ကချင်ပြည် ၊ မြစ်ကြီးနားမြို့ကနီ ဝိုင်းမော်မြို့နယ်ဟိ စစ်ကောင်စီတပ်၊ နာဖော့တပ်စခန်းသို့ ရိက္ခာလာပို့ရေ စစ်ရဟတ်ယာဉ်တစီးကို ကချင်လွတ်မြောက်ရီးတပ်မတော်(KIA) က ပစ်ချလိုက် ကြောင်း သိရပါရေ။
ယင်းစစ်ရဟတ်ယာဉ်ရေ Mi -17 အလတ်စား ထောက်ပို့ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီးကေ KIA တပ်ဖွဲ့ဝင်တိက ပစ်ချလိုက်စွာလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုပါရေ။
လူမှုကွန်ရက်မာ ပျံ့နှံ့နီရေ ဗီဒီယိုအရ အဆိုပါစစ်ကောင်စီရဟတ်ယာဉ်ရေ မီးလောင်လားခပြီးကေ မီးခိုးတိထွက်ပနာ တောင်တန်းတခုသို့ ပျက်ကျလားခစွာကို တွိမြင်ရပါရေ။
စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျမှုနန့်ပတ်သက်လို့ ရဟတ်ယာဉ်မာလိုက်ပါလာရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိသီဆုံး ထိခိုက်မှုအနီအထား၊ ဖြစ်စဉ် အသေးစိတ်ကိုတော့ စုံစမ်းနီတုန်းလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားပါရေ။
Video – Original Uploader