APM ၊ ဂျန်နဝါရီ ၃ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းယူလားခပြီး နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရ သည့် ကျောက်တော်မှ လူထုဇော်ဝင်းအပါအဝင် ဒေသခံ ၅ ယောက်အမှုကို ဒေနိ (ဂျန်နဝါရီ ၃ ရက်နိ)၌ ကျောက် တော်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခကေလေ့ တရားလိုမရောက်ဟုဆိုကာ မစစ်ဆီးဘဲ လာမည့် ဂျန်နဝါရီ ၁၀ ရက် နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ကျောက်တော်မှ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရပြီး၊ ရုံးချိန်း ထပ်မံအရွှိခံလိုက်ရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးဇော်ဝင်း(ခေါ်) လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်း မောင်၊ ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မိုးထက် ၊ သရက်တပင်ကျေးရွာမှ ဦးမောင်စောသာနန့် ကျောက်တော်မြို့ ကဝိရတနာ စစ်ဖီးယှောင်စခန်းမှ ဦးကျော်ဟိန်းရို့ ဖြစ်ကတ်သည်။
သူရို့ ၅ ယောက်ကို ဒေနိ ကျောက်တော်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခကေလေ့ တရားလိုမရောက်ဟုဆိုကာ မစစ် ဆီးဘဲ လာမည့် ဂျန်နဝါရီ ၁၀ ရက်နိကို ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျုန်လ၌မြန်မာစစ်တပ် တပ်ဖွဲဝင်များက ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်၊ ကိုဇော်မိုးထက်၊ ဦးမောင်စောသာနန့် ဦးကျော်ဟိန်းရို့ကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခပြီး၊ ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ် သည်ဟု စွပ်စွဲကာ ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၅ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး၊ အယင်ကလေ့ မြန်မာစစ်တပ် ဖက်မှ တရားလိုမရောက်ဟုဆိုကာ အဂုအချိန်ထိ စစ်ဆီးနိုင်ခြင်းမဟိဘဲ (၃)ကြိမ်တိုင်တိုင် ရုံးချိန်းရွှိဆိုင်းခကြောင်း သိဟိရသည်။