
APM ၊ ဂျန်နဝါရီ ၃ / ၂၀၂၃
မြန်မာပြည်မှာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နိမှသည် ၂၀၂၃ ခုနှစ်၊ဂျန်နဝါရီ ၁ ရက်နိအထိ နွီဦးတော်လှန်ရီးကာ လအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၃၃၀၀ ဦးဟိကာ၊ ကျဆုံးခသူစုစုပေါင်း ၂၆၈၉ ဦးအထိဟိလာသည်ဟု နိုင်ငံ ရီးအကျဥ်းသားများ ကူညီစောင့်ယှောက်ရီးအသင်း AAPP က ထုတ်ပြန်ထားသည်။
နွီဦးတော်လှန်ရီးကာလ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ ၁၃၃၀၀ ဦးဟိသည့်အနက် ၁၉၄၀ ဦးမှာ ထောင်ဒဏ် ချမှတ်ခြင်းခံထားရပြီး၊ သီဒဏ်ချမှတ်ခံထားရသူလေ့ စုစုပေါင်း ၁၄၂ ဦး အထိဟိလာကြောင်း AAPP က ဆိုသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများအနက်ရန်ကုန်တိုင်းက စုစုပေါင်း ၄၀၀၀ ကျော်နန့်ထိပ်ဆုံးကဗြီးနီပြီး၊ကျဆုံးမှုအများ ဆုံးမှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်ဟု သိရသည်။
သီဒဏ်ချမှတ်ခံထားရပြီးထောင်တွင်းဆက်လက်ချုပ်နှောင်ခံထားရသူ ၁၀၀ ဦးဟိသည့်အနက် ၈၅ ဦးမှာ ရန်ကုန် တိုင်းကဟု ဆိုသည်။ သီဒဏ်ချမှတ်ခံထားရပြီး ထောင်တွင်းထိန်းသိမ်းထားသူများထဲတွင် အမျိုးသမီး ၉ ဦးပါဝင် သည်ဟုလေ့ AAPP က ပြောသည်။
ယင်းအပြင် စစ်ကောင်စီက နိုဗမ်ဘာလ အတွင်း သီဒဏ်ချမှတ်ခဲ့သူ ၁၀ ဦးထဲမှာ အသက် ၁၉ နှစ်အရွယ်လူငယ် ၃ ဦးပါဝင်ပြီး၊ အသက် ၂၀ နန့် ၂၃ နှစ်အကြား ၅ ဦး ပါဝင်သည်ဟုလေ့ သိရသည်။
သီဒဏ်ချမှတ်ခံရသူများကို စစ်ခုံရုံးနန့် စီရင်ချက်ချခပြီး၊ အများစုကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နန့် အကြမ်းဖက်မှု တိုက်ဖျက်ရီးဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကာ၊တချို့မှာ သီဒဏ်ချမှတ်ခံထားရသည့်အပြင် နောက် ထပ် ထောင်ဒဏ် ၂၂၅ နှစ်၊ ထောင်ဒဏ် ၉၅ နှစ်၊ တသက်တကျွန်း စသည့်ပြစ်ဒဏ်များကိုပါ ထပ်ဆောင်းချမှတ်ခံ ထားရသိမ့်ကြောင်း သိရသည်။
Photo – GETTY Images
