APM၊ ဒီဇမ်ဘာ ၂/၂၀၂၂
စစ်တွေ-မြောက်ဦး ဗြီးဆွဲနီသည့် အမြန်ရီယာဉ် ခရီးစဉ်များကို နက်ဖြန် (ဒီဇဗ်ဘာ ၃ ရက်နိ)မှစ၍ နိစဉ် ပုံမှန် ပြန်လည်ဗြီးဆွဲလားမည်ဟု ရက္ခိုင်ပြည်တွင်း ရီကြောင်းလိုင်းတခုဖြစ်သည့် ရွှေပြည်တန် အမြန်ရီယာဉ်လိုင်းမှ ထုတ်ပြန်သည်။
ရက္ခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွားများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ပြည်တွင်း ကုန်းလမ်း၊ ရီလမ်းများကို ပိတ်ဆို့ဖြတ်တောက်ခသည်။
ပြီးခသည့် နိုဗမ်ဘာ ၂၆ ရက်နိမှစ၍ AA နန့် စစ်ကောင်စီရို့အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်တန့်လိုက်သည့်နောက် စစ်ကောင်စီမှအဂုပိုင် ပြန်လည်ဖွင့်ပီးလာခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပြီးခသည့် ဒီဇမ်ဘာ ၁ ရက်နိကလေ့ စစ်တွေ-ပေါက်တော-မင်းပြား ရီလမ်းကြောင်းကို ပြန်လည်ဖွင့်ပီးခသည့်အပြင် နိုဗမ်ဘာ ၂၈ ရက်နိ၌လေ့ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်ရီကြောင်းလိုင်းကို ပြန်လည်ဗြီးဆွဲခွင့်ပြုခသည်။
လက်ဟိတွင် AA နန့်စစ်ကောင်စီရို့အကြား နှစ်ဖက်အပစ်ခတ်ရပ်စဲလိုက်သည့်နောက် ရက္ခိုင်ပြည်အတွင်း မြို့ချင်းဆက်ရီကြောင်းလမ်း ၃ ခုကို စစ်ကောင်စီမှ ပြန်လည်ဖွင့်ပီးခပြီးဖြစ်သည်ဟု သိရသည်။