
APM၊နိုဗမ်ဘာ ၂၈/၂၀၂၂
ရက္ခိုင်ပြည်အတွင်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ NGO၊ iNGO များနန့် အရပ်ဖက် အဖွဲအစည်းများအနီနန့် လူသားချင်းစာနာမှုအကူအညီများကို ကိုယ်တိုင်လာရောက်လှူဒါန်းရန် အခက်အခဲဟိပါက ULA မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AAမှ ပြောကြား လိုက် သည်။
ဒေနိ( နိုဗမ်ဘာ ၂၈ ရက်နိ)တွင် ကျင်းပပြုလုပ်သော ULA/AA၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာယှင်းလင်းပွဲ၌ ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဦးခိုင်သုခက ” လက်ဟိမှာစစ်ဖီးယှောင်တိစွာ အစားဆင်းရဲ၊ အနီဆင်းရဲ အလွန်တရာ ဆင်းဆင်းရဲရဲနန့် ခက်ခက်ခဲခဲရပ်တည် ရင်ဆိုင်နီထိုင် နီကတ်ရပါရေ။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော မြို့နယ် (၈)ခုသို နိုင်ငံတကာအဖွဲ့အစည်းတိ ၊NGOတိ၊ iNGOတိ နန့် CSO တိက လာရောက် ကူညီခွင့် ကိုလေ့(နစက)က ပိတ်ဆိုထားရေအတွက်ကြောင့် စစ်ဖီးယှောင်တိစွာ အငတ်ဖီးဆိုက်ဖို အခြေအနေသို ရောက်ဟိ နီပါရေ။ ယင်းပိုင်ပိတ်ဆိုထားမှုကြောင့် စစ်ဖီးယှောင်စခန်းတိမှာ အစားအသောက်၊ ဆီးဝါးနန့် အဝတ်အထည်တိက အစ ပြတ်လတ်နီပြီးကေ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတိ အပူတပြင်းလိုအပ်လိုဟိနီပါရေ။ ယင်းတွက်ကြောင့် နိုင်ငံတကာ အဖွဲအစည်းတိ NGO တိ၊ iNGOတိ နန့် အရပ်ဖက် အဖွဲ့အစည်းတိအနီနန့် အဖွဲ့ လိုက်ဖြစ်စီ လူပုဂ္ဂိုလ်တဦးချင်းဖြစ်စီ လာရောက်လှူဒါန်းဖို့ကို အထူး အလေးအနက် တိုက်တွန်းလိုပါရေ။ အကယ်တန္တိလားရလာရ ခက်ခဲရေနီရာတိ၊ ခရီးလားလာခွင့် ပိတ်ဆိုထားရေ နီရာတိနန့် တခြားအကြောင်းအရာတိကြောင့် ကိုယ်တိုင်လာရောက်လှူဒါန်းဖို့ အခက်အခဲဟိရေဆိုကေ လူသားချင်းစာနာမှုအကူအညီတိကို ကျနော်ရို့ တော်လှန်ရီး အစိုးရဘားကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါရေ” ဟု ပြောသည်။
ယင်းအပြင် ရက္ခိုင့်တပ်တော် AAနန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲကာလအတွင်း မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပလက်ဝစသည့် မြို့နယ်များ၌ အပြစ်မဲ့အရပ်သားပြည်သူများ ရပ်ရွာကိုစွန့်ခွာလျက် စစ်ဖီးယှောင်လာသည့် လူဦးရေ တရက်ထက်တရက် တိုးလာကြောင်း၊ အယင်က ဖြစ်ခသော တိုက်ပွဲများအတွင်းမှာ ကိုယ့်ရပ်ရွာမပြန်နိုင်ဘဲ စစ်ဖီးယှောင် စခန်းများ၌ခိုလှုနီကတ်ရသူများနန့် ထပ်တိုးလာသည့် စစ်ဖီးယှောင်အရေအတွက်ကိုပေါင်းပါက လက်ဟိရက္ခိုင်ပြည်တွင် စစ်ဖီးယှောင်ဦးရေ စုစုပေါင်း ၁ သိန်းကျော်ကျော်အထိဟိနီကြောင်းလေ့ ဒေနိ ကျင်းပပြုလုပ်သော ULA/AA၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာယှင်း လင်းပွဲဦးခိုင်သုခက ယှင်းလင်းပြောကြားသည်။
