APM၊ အောက်တိုဘာ ၂၉/၂၀၂၂
ကျောက်တော်မြို့နယ်တွင် ဒေနိ (အောက်တိုဘာ ၂၉ ရက်နိ) မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမဟိပါဘဲ စစ်ကောင်စီတပ်သည် ရုပ်သား ကျေးရွာဘုန်းကြီးကျောင်းကို ဒရုန်းဖြင့် ရည်ရွယ်ချက်ဟိဟိ ပစ် ခတ်တိုက်ခိုက်ခကြောင်း ရွာသားများက APM သို့ ပြောကြားသည်။
ဒေနိ၊ မွန်းလွဲ ၂ နာရီခန့်က ကျောက်တော်အခြီစိုက် စစ်ကောင်စီတပ်၊စကခ (၉)တပ်မမှ ရုပ်သားကျေးရွာမြိုင်ဟေဝန်ကျောင်းတိုက်ကို ဒရုန်းဖြင့် တမင်တကာ လာရောက်ပစ် ခတ်တိုက်ခိုက်ခခြင်းဖြစ်သည်။
ယင်းသို့ ဒရုန်းဖြင့်ပစ်ခတ်ရာတွင်ဗုံးသီး၂လုံး တွဲဖြင့် တကြိမ် ပစ်ခတ်ခပြီး ယင်းဗုံးသီး၂လုံးပေါက်ကွဲမှုကြောင့် ကျောင်းခေါင်မိုးများပေါက်ထွက်ပြိုပျက်၍ မှန်ဗီဒို တလုံးနန့်ကျောင်းကြမ်းခင်းများပါ ပျက်စီးလားခပြီး၊ လူအထိအခိုက်တော့ မဟိဟု ဆိုသည်။
ကျောင်း၌ သီတင်သုံးနီထိုင်တော်မူသော ဆရာတော်၊ သံဃာတော်များနန့်တကွ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များမှာ လက်ဟိတွင် ယင်းကျောင်းမှတခြားတနီရာသို့ ယာယီရွှိပြောင်း နီထိုင်လျက်ဟိကြောင်း သိရသည်။