APM၊ အောက်တိုဘာ ၂၉/ ၂၀၂၂
ဒေနိ အောက်တိုဘာ ၂၉ ရက်နိ၊ မွန်းလွဲ ၂ နာရီ၊ ၂၀ မိနစ်ခန့်က မောင်တောမြို့တွင် စစ်ကောင်စီတပ် နခခ (၅) တပ်ရင်း၌ အခြီပြုနီသော စကခ (၁၅) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရီးနန့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းအင်အား ၄၀ ခန့်သည် အရပ်ဝတ်များဝတ်ဆင်လျက် မှန်လုံကား (၄) စီးဖြင့် လာရောက်၍ လေးမိုင်ရပ်ကွက်အုပ်စု၊ သာစည်ရွာဟိ ဇရပ်မှာ ထိုင်နီကတ်သော သာစည်ရွာသား သက်ကြီးအမျိုးသား (၆) ယောက်အား ဖမ်းယူလားခကြောင်း သိရပါသည်။
အဖမ်းခံရသူ ၆ ယောက်မှာကျောင်း အုပ်ဆရာကြီး အငြိမ်းစားဦးထွန်းအောင်ကျော် (၆၅နှစ်)၊ ရဲအငြိမ်းစား ဦးအေးစိန်(၈၀နှစ်)၊ ရပ်ကျေး ထွေ/အုပ်စာရေးဦးမောင်လှစိန် (၆၀နှစ်)၊ ဦးကျော်စိုးမိုး (၅၀နှစ်)၊ ဦးမောင်သာနု(၆၀နှစ်)နန့် ခရိုင်ထွေ/အုပ်စာရေးကြီး ဦးကျန်ဝင်း (၅၀နှစ်) ရို့ ဖြစ်ကတ်ကြောင်း ကနဦး သိရသည်။ ဖြစ်စဉ်နန့်ပတ်သက်၍ အသေး စိတ် အချက်အလက်များကို ဆက်လက်စုံစမ်းလျက်ဟိပါသည်။