APM ၊ စပ်တမ်ဘာ ၂၈ /၂၀၂၄
ကျောက်ဖြူမြို့နယ်မာ စပ်တမ်ဘာ ၂၇ ရက်နိ၊ ညဇာက စစ်ကောင်စီထောင်ထားရေ မိုင်းကို တက်နင်းမိလို့ ပေါက်ကွဲမှုဖြစ်ပနာ အမျိုးသားတယောက် သီဆုံး လားရေလို့ ဒေသခံတိက ပြောပါရေ။
သီဆုံးလားရေ အမျိုးသားစွာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ အုန်းတောရွာက ကိုမျိုးထက်(ခ)မောင်မောင်ချေ(၂၅ နှစ်)ဖြစ်ပါရေ။
ကိုမျိုးထက်စွာ စပ်တမ်ဘာ ၂၇ ရက်နိ၊ ညဇာ ၃ နာရီလောက်က ရွာနားဟိ သစ်ပုတ်ရီမျက်တောင်အနားမာ ဟင်းရှာနီခါ ယင်းအနားမာ စစ်ကောင်စီထောင်ထားရေ မိုင်းကို နင်းမိခစွာလို့ မိသားစုဝင်တယောက်က ပြောပါရေ။
“သူက နိခင်းသားကပင် သစ်ပုတ်ရီမျက်တောင်အနားကို ဟင်းရှာဖို့လားခပါရေ။ ယင်းသစ်ပုတ်ရီမျက်တောင်အနားမာက မိုင်းတိဟိရေဆိုပနာ လူတိလည်း ကောင်းမလာကတ်ပါ။ သူ လုံးချင်းတည်းလာခဟာပါ။ မိုင်းကွဲဟာကိုတော့ ၃ နာရီလောက်မာ ကြားလိုက်ရပါရေ။ ဒဏ်ရာတိကတော့ ခန္ဓာတခုလုံးဆိုရပါဖို့။ ခြီတဖက်လည်း ပိုင်းလားပါရေ။ ဆီးရုံ အရောက်မာ သွီးထွက်လွန်ပနာသီလားပါရေ”
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ကိုမျိုးထက်၏ ညာဘက်ခြီထောက်ဒူးဆစ်အောက်ကနီ ပြတ်ထွက်လားခရေပိုင် ခန္ဓာကိုယ်တခုလုံးမာလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာဟိလားပြီးကေ ဆီးကုသမှုခံယူဖို့ပို့ဆောင်စဥ် ဆီးရုံအရောက်မာ ဆုံးပါးရေလို့ ဆိုပါရေ။
အာရက္ခဒေသအတွင်းမာ စစ်စခန်းစကေချေရာကျန်ရေ စစ်ယှုံး စစ်ကောင်စီစွာ ၎င်းရို့ထိန်းချုပ်ထားနိုင်သိမ့်ရေ မြို့ရွာ စကေချေကို အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်လာဖို့ စိုးရိမ်ကြောက်လန့်ပြီးကေ ဒေသခံပြည်သူလူထုကို လူသားဒိုင်းကာအဖြစ် မြို့ထဲမာ ပိတ်လှောင်ထားစွာ၊ ဒေသခံပြည်သူလူထု လားလာရေ လမ်း၊ တန်းထားတိမာ မိုင်းထောင်စွာနန့် ဒေသခံပြည်သူလူထုကိုအကြောင်းပြ ချက်မဟိဘဲ မတရားဖမ်းဆီးရိုက်နှက်သတ်ဖြတ်စွာတိကို အယင်ထက် ပိုလို့လုပ်ဆောင်လျက်ဟိနီပါရေ။