APM၊ စပ်တမ်ဘာ ၂၉/၂၀၂၄
ချင်းပြည်ကာကွယ်ရီး တပ်ဖွဲ့- မတူပီ (တပ်မဟာ-၁)ကို အာရက္ခတပ်တော် (AA )က စပ်တမ်ဘာ ၂၇ ရက်နိမာ လက်နက်ခဲယမ်းတချို့ ထောက်ပံ့ပီးခရေလို့ ချင်းပြည်ကာကွယ်ရီးတပ်ဖွဲ့–မတူပီက ဒေနိ( စပ်တမ်ဘာ ၂၉ ရက်နိ)မာ ထုတ်ပြန်ကြေညာလိုက်ပါရေ။
ယင်းထုတ်ပြန်ချက်အတွင်း “ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်ဖြစ်တေ ချင်းပြည်ကာကွယ်ရီးတပ်-မတူပီ(တပ်မဟာ-၁)အား မဟာမိတ် အာရက္ခတပ်တော်မှ လက်နက်ခဲယမ်းတချို့ ကူညီထောက်ပံ့ပီးအပ်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စပ်တမ်ဘာ ၂၇ ရက်နိတွင် ကျင်းပပြုလုပ်ခပါသည်” လို့ ထည့်သွင်းဖော်ပြထားပါရေ။
အခမ်းအနားသို့ အာရက္ခတပ်တော်က တပ်မှူးတိ၊ မတူပီ-တပ်မဟာ(၁) က တပ်မှူးတိ၊ တပ်ဖွဲ့ဝင်တိ တက်ရောက်ခရေလို့ ဆိုပါရေ။
ယင်းနောက် အဖွဲ့အစည်းနှစ်ခုကြားမာ အားကောင်းလာရေ မဟာမိတ်ဆက်ဆံရီးတိကို ဆက်လို့အားကောင်းစီရီး၊ စစ်ရီးပူးပေါင်းမှု အဂုထက် ပိုလို့အားကောင်းစီရီး၊ အိမ်နားချင်း အတူနီထိုင်လာကတ်တေ မိမိရို့လူမျိုးအချင်းချင်းအကြား ခင်မင်ရင်းနီးမှုတိ ပိုတိုးလာစီရီးကိုလည်း နှစ်ဖက်တပ်မှူးရို့က ထည့်သွင်းပြောကြားခကတ်တေလို့ ထုတ်ပြန်ချက်မာ ဖော်ပြပါဟိပါရေ။
ယင်းအပြင် ချင်းပြည်အတွင်း စစ်ကောင်စီ ကင်းစင်ရီးတိုက်ပွဲတိမာ အိမ်နားချင်း မဟာမိတ်ကောင်းပီသစွာ၊ ပူးပေါင်းတိုက်ပွဲဝင်ပီးခစွာနန့် လက်နက်ခဲယမ်း ထောက်ပံ့ပီးခစွာတိအတွက် အာရက္ခတပ်တော်ကို လေးနက်စွာ အထူးကျေးဇူးတင်ကြောင်းလည်း ချင်းပြည်ကာကွယ်ရီးတပ်ဖွဲ့-မတူပီ၏ ထုတ်ပြန်ချက်မာ ထည့်သွင်း ဖော်ပြထားပါရေ။
Photo – Chinland Defense Force – Matupi (Brigade-1)