APM၊ စပ်တမ်ဘာ ၂၉/၂၀၂၂
မြောက်ဦးတွင် ဒေနိ(စပ်တမ်ဘာ ၂၉ ရက်နိ) ညဇာ ၃ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်ထောင်ထားသောမိုင်းကို တက်နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ လူငယ်တယောက် ခြီနှစ်ဖက်လုံးပြတ်ထွက်လားကြောင်း သိရသည်။
ခြီနှစ်ဖက်လုံးပြတ်ထွက်လားသူမှာ မြောက်ဦးမြို့၊အောင်တင်ရပ်ကွက်၊ မြို့သစ်ရပ်မှ မောင်စိုးနိုင်ကျော်(၁၈နှစ်)ဖြစ်ပြီး၊ သူသည် မြောက်ဦးမြို့ လော်ကမူရပ်ကွက်၊ ကျောက်ရာဇ်ကေရပ်၊ ရန်ကုန်-စစ်တွေ ကားလမ်းမဘေးဟိ တခွက်ဆရာတောင်ထက်သို့ အပေါ့စွန်ရန် လားစဉ် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းကို နင်းမိခြင်းဟု သိရသည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့်မောင်စိုးနိုင်ကျော်၏ ခြီထောက်နှစ်ဖက်စလုံး ဒူးဆစ်အောက်မှနီ၍ ပြတ်ထွက်လားခပြီး ရင်ဘတ်တွင် လေ့ မိုင်းစထိမှန်ဒဏ်ရာရဟိလားကာ ဒဏ်ရာပြင်းထန်သဖြင့် မြောက်ဦးဆီးရုံကြီးသို့ ချက်ချင်းပို့ဆောင်လိုက်ရကြောင်း ဒေသခံ များက ပြောသည်။
မြောက်ဦးအပါအဝင် ရက္ခိုင်ပြည်မြို့နယ်များ၌ မိုင်းပေါက်ကွဲမှုများ မကြာမကြာ ဖြစ်ပွားနီကာ ဒေသခံအပြစ်မဲ့အရပ်သား ပြည်သူ များ၏ ကိုယ်လက်အင်္ဂါ၊ အသက် ဆုံးယှုံးမှုများ၊ လယ်သမားများပိုင်ဆိုင်သည့် ကျွဲ၊ နွားသီဆုံးမှုများ ဆက်တိုက် ဖြစ်ပေါ် လျက် ဟိသည်။
မိုင်းပေါက်ကွဲမှုများသည် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များနန့်နီးစပ်သည့်နီရာများ၊စစ်ကောင်စီတပ် တပ်စွဲနီထိုင်ခသည့် နီရာများ နန့် အယင်က တိုက်ပွဲဖြစ်ပွားခသည့်နီရာများ၌ ပေါက်ကွဲနီခြင်းဖြစ်သည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှလေ့“ပြည်သူများအနီနန့်မိုင်းအန္တရာယ်ကြောင့် ကိုယ်လက် အင်္ဂါဆုံးယှုံး မှု၊ အသက်ဆုံးယှုံးမှုများ မဖြစ်ရအောင် စစ်ကောင်စီတပ် တပ်ရင်းတပ်ဖွဲ့များနန့် နီးစပ်သော နီရာများ၊ တိုက်ပွဲဖြစ်ပွား ခသော နီရာများနန့်အယင်ကစစ်ကောင်စီတပ် စခန်းချနီထိုင်ခသော နီရာများသို့ လုံးဝ မလားလာကတ်ရန်” အကြိမ်ကြိမ် သတိပီး တိုက် တွန်းထားကြောင်း သိရသည်။
(Zawgyi)
မြောက်ဦးမှာ စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်းကို နင်းမိ၍ ဒေသခံလူငယ်တယောက် ခြီနှစ်ဖက်လုံး ပြတ်ထွက်လား
APM၊ စပ်တမ်ဘာ ၂၉/၂၀၂၂
