APM ၊ စပ်တမ်ဘာ ၂၉/၂၀၂၂
မြေပုံမြို့နယ် ငပသုန်ရွာ တိုက်နယ် ဆရာဝန် ဒေါက် တာ ဝင်းနိုင်စိုးကို စစ်ကောင်စီတပ်က စပ်တမ်ဘာ ၂၆ ရက်နိကပင် ဒေနိ (စပ်တမ်ဘာ ၂၉ ရက်နိ)အထိ ခေါ်ယူ ထိန်းသိမ်းထားကြောင်း သတင်းရဟိသည်။
ငပသုန်ရွာ တိုက်နယ်ဆီးရုံအတွက် သယ်ဆောင်လာသောဆီးဝါးများပါသည့်ဘုတ်အားစစ်ကောင်စီတပ် ကစစ်ဆီးမှုအပေါ် ဖြေယှင်းရန်လားရောက်သူ တိုက် နယ်ဆရာဝန် ဒေါက်တာ ဝင်းနိုင်စိုးကို ပြန်မလွှတ်ဘဲ စစ်ကောင်စီတပ်မှ ထိန်းသိမ်းထားခြင်းဟု သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်၊ စပ်တမ်ဘာ ၂၅ ရက်နိက စစ်တွေမြို့မှ မြေပုံမြို့နယ်၊ ငပသုန်ရွာသို့ ထွက်ခွာလာသော ဦးသိန်းဘုချေ၏ လိုင်းဘုတ်အား ပေါက်တောမြို့နယ်၊ တောင်းဖူးရွာနားအရောက်တွင်ကင်းလှည့်စစ်ဆီးနီသော စစ်ကောင်စီတပ်ဖွဲ့မှ ခေါ်ယူစစ်ဆီးရာ ဘုတ်ထက်၌ ဆီးဝါး ပစ္စည်းများကို တွိရသဖြင့် မိန်းမြန်းရာတွင် ဘုတ်ပိုင်သျှင် ဦးသိန်းဘုချေက တိုက်နယ်ဆရာဝန် ဒေါက်တာ ဝင်းနိုင်စိုး၏ ဆီးဝါးများဖြစ်ပါကြောင်း ပြောဆိုခသည်။ အဆိုပါကိစ္စနန့်ပတ်သက်၍ စစ်ကောင်စီတပ်သည် ဒေါက် တာဝင်းနိုင်စိုးအား ဖုန်းဆက် မိန်းမြန်းရာ ဒေါက်တာက၎င်း၏ဆီးဝါးပစ္စည်း ဟုတ်မှန်ကြောင်း ပြောဆို၍ စစ်ကောင်စီတပ်က ဒေါက်တာအား စပ်တမ်ဘာ ၂၆ ရက်နိ စစ်တွေသို့ အရောက်လာရမည်ဟု ခေါ်ယူသဖြင့် ဒေါက်တာ ဝင်းနိုင်စိုးသည် ၎င်း၏ တပည့်ဖြစ်သူ မောင်ဆန်းဝင်းထက်နန့် အတူ စပ်တမ်ဘာ ၂၆ ရက်နိတွင် စစ်တွေမြို့သို့ လားရောက်ခသည်။ ယင်းနိမှစ၍ စစ်ကောင်စီတပ်သည် တိုက်နယ်ဆရာ ဝန်အား ပြန်မလွှတ်ဘဲ ဒေနိအထိ ထိန်းသိမ်းထား ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က ဆီးဝါးများကိုသာမက တိုက်နယ်ဆရာဝန် ဒေါက်တာ ဝင်းနိုင်စိုးကိုပါ ထိန်းသိမ်း ထားခြင်းကြောင့် ငပသုန်ရွာနန့် အနီးတဝိုက်ကျေး ရွာများမှ ဒေသခံပြည်သူများမှာ လွန်စွာ စိုးရိမ် စိတ်မကောင်းဖြစ်နီကတ်ရပြီး၊ အယင်ဆုံး ပြန်လွှတ်ပီးစီလိုကြောင်း ဒေသခံများက ဆိုသည်။
(Zawgyi)
မြေပုံမြို့နယ် ငပသုန်ရွာ တိုက်နယ် ဆရာဝန် ဒေါက်တာ ဝင်းနိုင်စိုးကို စစ်ကောင်စီတပ် ထိန်းသိမ်းထား
APM ၊ စပ်တမ်ဘာ ၂၉/၂၀၂၂