အယ်ဒီတာ့အာဘော်
APM ၊ ဩဂတ်စ် ၂၉ / ၂၀၂၃
မျက်မှောက်ကာလတွင် ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ထားကေလေ့ စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်နန့် အာရက္ခပြည်သူကြား၊ ရက္ခိုင့်တပ်တော်နန့် ရက္ခိုင်ပြည်က မျိုးနွယ်စုများအကြား သွီးကွဲကာ ရက္ခိုင့်တော်လှန်ရီးကို အဟန့်အတားဖြစ်စီရန် ရည်ရွယ်ပြီး သတင်းတု၊ သတင်းမှားများဖြင့် ရက္ခိုင့်တော်လှန်ရီး ကို နိုင်ငံရီးအရ ထိုးနှက်တိုက်ခိုက်လျက်ဟိပါသည်။အာရက္ခပြည်သူများအနီနန့် ပစ္စက္ခနိုင်ငံရီး၊ တော်လှန်ရီးအနီအထားအရ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများ၏ သတင်းတု၊ သတင်းမှား ထုတ်လွှင့်နီမှုများအား ဆင်ခြင်သတိထား စောင့်ကြည့်ရန် လိုအပ်သည့် ကာလလည်း ဖြစ်ပါသည်။
စစ်ကောင်စီသည် ရက္ခိုင်ပြည်အတွင်း၌ Western 24 News၊ ရခိုင့်နေ့စဥ်၊ မေယုဌာနေ၊ မေယုဟစ်တိုင်၊ ရခိုင့်အသံ၊ ဒွါရာဝတီမီဒီယာ၊ အာရက္ခပြည်သူ့အသံ စသည့် Page များ၊ Facebook Personal account များ၊ အခြားအခြားသော နည်းလမ်းပေါင်းစုံဖြင့် ရက္ခိုင်အမျိိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏လှုပ်ယှား ဆောင်ရွက်မှုများနန့်ပတ်သက်၍ သတင်းတု၊ သတင်းမှား၊ သတင်းလိမ်များ ထုတ်လွှင့်ခြင်း အပါအဝင် ရက္ခိုင်ပြည်သူလူထုများ၏ တော်လှန်ရီးစိတ်ဓာတ်ကို ဝေဝါးစီရန် မဟုတ်မမှန် သတင်းများနန့် ဝါဒဖြန့် မှိုင်းတိုက်ခြင်းများကို ရည်ရွယ်ချက်ဟိဟိ တစိုက်မတ်မတ် လုပ်ကြံဖန်တီး ဆောင်ရွက်လျက်ဟိနီသည်။
အခြားတဖက်တွင်လည်း စစ်ကောင်စီသည် ၎င်းရို့၏ ဝါဒဖြန့်ချီရီးစာမျက်နှာများမှလွဲ၍ ရက္ခိုင်အခြီစိုက်သတင်းမီဒီယာများ သတင်း ယူ၍မရအောင် ဖိနှိပ်ပိတ်ပင်ခြင်း၊ ရက္ခိုင်မီဒီယာများ၊ မီဒီယာသမားများအား မတရားအမှုဖွင့်တရားစွဲဆိုခြင်း၊ထောင်ချခြင်းများကို လုပ်ဆောင်လျက်ဟိသည်။
ရက္ခိုင်အခြီစိုက်မီဒီယာများဖြစ်သည့် နရိဉ္ဇရာ၊ DMG၊ Western News စသည့် မီဒီယာများမှာ လက်ဟိအချိန်ထိ အမှုဖွင့်ခံ ထားရကာ အခြီစိုက်ရာရုံးလည်းပိတ်သိမ်းခံထားရပြီး အယ်ဒီတာကအစ သတင်းသမားများ၊ သတင်းထောက်များ အားလုံး ထွက်ဗြီးနီကတ်ရပိုင် BNA အပါအဝင်တခြားမီဒီယာတချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးမည်ဟု ခြိမ်း ခြောက်ထားသိမ့် သည်။
ယင်းအပြင် စစ်ကောင်စီသည် ရက္ခိုင်ပြည် ၌ သတင်းစီးဆင်ရာလမ်းကြောင်းမှန်သမျှကို ပိတ်ဆို့ထားပြီး ရက္ခိုင်သတင်း သမားများနန့် ဆက်သွယ်သူများ၊ အိန်တာဗျူး ပြုလုပ်သူများ၊ သတင်းမှန်များအား Facebook မှတဆင့် Share လုပ်သူများ ကိုပင်လျှင် မတရား ဖမ်းဆီးပြီး ကြီးလေးသည့် ပုဒ်မတပ်ကာ တရားစွဲဆိုထောင်ချလာနီသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်ကလည်း ရက္ခိုင်သတင်းဌာနတခုဖြစ်သည့် Western News သတင်းဌာနနန့် အိန်တာဗျူးဖြေဆိုခ သည့်ပလက်ဝမှ ဦးတင်ထွန်းအောင်အား မတရားဖမ်းဆီးကာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခသည်။
လက်ဟိတွင်လည်း ရက္ခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးအပါအဝင် တချို့မှာဖမ်းဆီးတရားစွဲ ခံထားရတုန်း ဖြစ်ပြီး နောက်ထပ်လည်း ရက္ခိုင်က မီဒီယာနန့် ပြောဆိုလူများအား မတရားဖမ်းဆီးကာ ပုဒ်မအမျိုးတပ်လျက် ဆက်လက် ထောင်ချဖွယ်ဟိနီပါသည်။
ဤကဲ့သို့ ဝါဒဖြန့်ချီရီးမီဒီယာများကို အသုံး ပြုလျက် တော်လှန်ရီး နိုင်ငံရီးဖွဲ့အစည်းများအား သတင်းတု၊ သတင်းမှားများ ဖြင့် လုပ်ကြံတိုက်ခိုက်ခြင်း၊ သတင်းမီဒီယာများကို ပိတ်ဆို့ထားပြီး သတင်းသမားများ၊ သတင်းသမားများနန့် ဆက်သွယ်သူ များအား နည်းမျိုးစုံနန့် ပိတ်ပင်ဟန့်တား ဖိနှိပ်ဖမ်းဆီးခြင်းများမှာ ရက္ခိုင်ပြည်တွင်ရာ မဟုတ် တနိုင်ငံလုံး၌ စစ်အစိုးရ အဆက်ဆက်ကျင့်သုံးလာသော နည်းဗျူဟာလည်း ဖြစ်သည်။
ယေဇူးနန့် စစ်ကောင်စီ၏ သတင်းထောင်ချောက်နန့်စပ်လျဉ်း၍ အာရက္ခပြည်သူ့အစိုးရ၏ (၅) ကြိမ်မြောက် သတင်း စာယှင်းလင်းပွဲ၌ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ကလည်း “အဂုအချိန်မှာ စစ်ကောင်စီစွာ မီဒီယာကို ပိုလို့အားကိုးပြီးကေ သတင်းအမှားတိ၊ သတင်းအတုတိ၊ သတင်းလိမ် တိ၊ ယင်းပိုင်စွာတိကို ဒေါက်လျှောက်လုပ်နီစွာတိ ဟိပါရေ။ ယင်းကြောင့် ရက္ခိုင်ပြည်သူတရပ်လုံးအပါအဝင် မြန်မာ တပြည်လုံးမှာဟိရေ ပြည်သူတရပ်လုံးအနီနန့်လည်း ဒေသတင်းအမှားတိကို အဓိကထား စောင့်ကြည့်ဖို့ဆိုစွာကို အဓိကထားပြောလိုပါရေ။ သူရို့တိမှာဆိုလို့ ဟိခကေ အဂုဆိုကေ ပြည်သူလူထုကို သတင်းအမှားတိလုပ်တေအပြင် သူရို့တပ်တွင်းထဲမှာဟိရေ တပ်မိသားစု၊ စစ်ကောင်စီမိသားစုဝင်တိကိုလည်း သတင်းအမှား အတုတိကိုလုပ်ပြီး ဒေ Page ကို Like လုပ်ထား၊ တခြား Page တိ မကြည့်ရ။ ယင်းပိုင်မျိုးစွာတိကို လုပ်နီစွာတိဟိရေ။အထူးသဖြင့်တော့ ဒေမီဒီယာတိ အပေါ်မှာ သူရို့စွာပိုလို့အရေးစိုက်ပြီးကေ လုပ်လာနိုင်ရေ။ ယင်းအတွက်ကြောင့် ကျနော်ရို့ပြည်သူလူထုတိအနီနန့်လေ့သော သတင်းအမှားတိ ကို သတိထားဖို့၊ သတင်းထောင်ချောက်ထဲတိကို မဝင်လားဖို့၊ မြင်ရာတွိရာ သတင်းတိုင်းကို မယုံဖို့ ဆိုစွာကို ကျနော့်အနီနန့် ထပ်ပြီးကေ ပြောလိုပါရေ” ဟု သတိပီးပြောဆိုထားပါသည်။
လက်ဟိကာလသည် ရက္ခိုင်ပြည်၌ သဘာဝဖီးအန္တရာယ်များ ဆိုးဝါးစွာ ကျရောက်နီကာ ပြန်လည်ထူထောင်ရီးအတွက် သီရီးရှင်ရီးအရေးတကြီး လိုအပ်နီချိန်ဖြစ်ပြီး တချိန်တည်းမှာ ကမ္ဘာ့နိုင်ငံရီး၊ မြန်မာ့နိုင်ငံရီး အ ပြောင်းအလဲများနန့်အတူ ရက္ခိုင့်တော်လှန်ရီးအတွက်လည်း အရေးကြီးသော ကာလတခုသို့ရောက်ဟိနီသဖြင့် အာရက္ခပြည်သူလူထုများအနီနန့် ရန်သူ၏ သတင်းတု၊ သတင်းမှားများဖြင့် သွီးခွဲ၊ သပ်လျှို၊ မှိုင်းတိုက်သည့် သတင်းထောင်ချောက်ထဲသို့ မဝင်မိအောင် အထူးဂရုစိုက်ရန်လိုအပ်ပါသည်။
ပြည်သူများအနီနန့်မိမိရို့၏အမျိုးသားလွတ်မြောက်ရီး၊ ရက္ခိုင့်တော်လှန်ရီးကို မျက်ခြီပြတ်မခံဘဲ မိမိရို့၏အန္တိမပန်းတိုင်ကို အရိုးကြီကြီအရီခမ်းခမ်း တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ပါသည်။
အခြားတဖက်တွင်မိမိရို့မီဒီယာများအနီနန့်လည်း စစ်ကောင်စီ၏ သတင်းတု၊သတင်းမှားများကို အချိန်ပြည့် စောင့်ကြည့် လျက် သတင်းအမှန်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကိုအချိန်နန့် တဗြီးညီ ဖော်ပြထုတ်လွှင့် အားစိုက်တင်ပြပီးသင့် ပါကြောင်းဖြင့် အလေးထား ရွီးသားလိုက်ရပါသည်။