
APM ၊ ဩဂတ်စ် ၂၉ / ၂၀၂၃
ကွန်ဂိုနိုင်ငံအရှိပိုင်း၊ အထော်ရီပြည်နယ်တွင် ဘုရားကျောင်းတခုကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဝင်ရောက်ပစ်ခတ်ခရာ လူ ၁၄ ယောက် သီဆုံးခကြောင်း အာဏာပိုင်များက ဩဂတ်စ် ၂၈ ရက်နိတွင် ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုသည် ဩဂတ်စ် ၂၇ ရက်နိက ခရစ်ယာန်ဘုရားကျောင်းတခုတွင် ဒေသခံများ ဆုတောင်းနီချိန် အကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခခြင်းဖြစ်ပြီး တိုက်ခိုက်သည့်လူများအပါအဝင် လူ ၁၄ယောက်သီဆုံးခခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကို ကွန်ဂို ပြည်သူ့စစ်များမှ တဖွဲ့ဖြစ်သည့် ကွန်ဂိုဖွံ့ဖြိုးတိုးတက်ရီး ပူးပေါင်းဆောင်ရွက်ရီးအဖွဲ့ (CODECO)က ပြုလုပ်ခခြင်းဖြစ်ကြောင်း နယ်မြီအုပ်ချုပ်ရီးမှူး Ruphin Mapela က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း သီဆုံးခလူများမှာ အရပ်သား ၉ယောက်၊ တိုက်ခိုက်လူ ၄ယောက်နန့် စစ်သား ၁ ယောက် ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
CODECO အဖွဲ့၏ စီးနင်းတိုက်ခိုက်မှုများကြောင့် လူပေါင်း ၃ သန်းလောက် အရေးတကြီးအကူအညီလိုနီသည့် အထော်ရီ ပြည်နယ်တွင် ကာလရှည်ကြာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းကို ပိုမို ဆိုးရွား စီနိုင်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်း စာနာမှုအကူအညီက ပြောကြားထားသည်။
Source At least 14 killed in church attack in eastern Congo, official says
Photo – Reuters
