APM ၊ ဩဂတ်စ် ၂၉ / ၂၀၂၃
မြန်မာပြည်ဆူပူအောင်လှုံံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)နန့် တရားစွဲခံထားရသည့် ကျောက်တော်မှ လူထု ဇော်ဝင်း အပါအဝင် ဒေသခံ ၃ ယောက်အမှုကို ဒေနိ(ဩဂတ်စ် ၂၉ ရက်နိ)၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဦးအောင်ကျော်သူက လိုပြသက်သီမရောက်ဟု အကြောင်းပြကာ မစစ်ခဘဲ လာမည့် စပ်တမ်ဘာ ၁၂ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးဇော်ဝင်း(ခေါ်) လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်ရို့ဖြစ်ကတ်သည်။
အမှုကို ဒေနိတွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့၊ မြို့နယ်တရားသူကြီး ဦးကျော်သူက လိုပြသက်သီမရောက်ဟုအကြောင်းပြကာ မစစ်ခဘဲ လာမည့် စပ်တမ်ဘာ ၁၂ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်သည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်၊ ဂျုန်လ၌ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဦးဇော်ဝင်း၊ ဦးကျော်သန်းမောင်နန့် ကိုဇော်မိုးထက်ရို့ကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခပြီး၊ ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟု စွပ်စွဲကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၃ ယောက်ကို ကျောက်တော်မြို့မရဲစခန်း၌ ချုပ်နှောင်ထားကြောင်း သိရသည်။