APM၊ ဩဂတ်စ် ၂၉/ ၂၀၂၃
နှစ်နိုင်ငံအကြား ဆက်ဆံရီးကို ခိုင်မာစီရန် ကြိုးပမ်းမှုအဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် လာမည့်လတွင် ဗီယက်နမ်သို့ လားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဩဂတ်စ် ၂၈ ရက်နိတွင် ကြေညာသည်။
သမ္မတဂျိုးဘိုင်ဒင်သည် အိန္ဒိယ၌ကျင်းပမည့် G-20 ထိပ်သီးအစည်းသို့ တက်ရောက်ပြီးနောက် စပ်တမ်ဘာ ၁၀ရက်နိတွင် ဗီယက်နမ်သို့လားရောက်မည်ဖြစ်ပြီး ဗီယက်နမ် အထွေထွေအတွင်းရီးမှူးချုပ် ငုယင်ဖူထရွန် နန့် တခြား ဗီယက်နမ် ဂေါင်းဆောင် များအား ဟနွိုင်းမြို့တွင် တွိဆုံလားမည်ဟုဆိုသည်။
သမ္မတဂျိုးဘိုင်ဒင်၏ ခရီးစဉ်သည် နည်းပညာကိုအသုံးပြု၍ ဗီယက်နမ်စီးပွားရီးကို မြှင့်တင်ရန်၊ ပညာရီးဖလှယ်မှုနန့် လုပ်သား အင်အား ဖွံ့ဖြိုးတိုက်တက်ရီးအစီအစဉ်မှတဆင့် ဆက်ဆံရီးကို ချဲ့ထွင်ရန်၊ ရာသီဥတုဖောက်ပြန်မှုတိုက်ဖျက်ရီးနန့် ငြိမ်းချမ်းရီး၊ တည်ငြိမ်ရီးများကို တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်သမ္မ ဂျိုးဘိုင်ဒင်သည် ဒေသတွင်းတွင် တရုတ်၏ စစ်ရီးနန့် စီးပွားရီးလွှမ်းမိုးမှု ကြီးထွားလာမှုအပေါ် စိုးရိမ်ပူပန်မှုများ ကြီးထွားလာနီချိန်၌ အရှိတောင်အာသျှနိုင်ငံများနန့် ဆက်ဆံရီးတိုးမြှင့်ချဲ့ထွင်ခြင်းများ ပြုလုပ်နီခြင်းဖြစ်သည်။
အမေရိကန်နန့် သမိုင်းတွင် အထင်ယှားဆုံးစစ်ပွဲတခုကို တိုက်ခိုက်ခသည့် ဗီယက်နမ်သည် လက်ဟိတွင် ရုသျှနန့်တရုတ်နိုင်ငံ များ၏ အဓိကကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်သည်။
Source – Biden will visit Hanoi next month as he seeks to strengthen US-Vietnam relations
Photo – AP