
APM၊ ဩဂတ်စ် ၂၉/ ၂၀၂၃
ကိုလံဘီယာနိုင်ငံ၏ အဓိကမြို့ကြီးများတွင် ဩဂတ်စ် ၂၈ ရက်နိက ဓာတ်ဆီဆီဈီးနှုန်း ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်မှု အပေါ် ဆန့်ကျင်သည့်အနီနန့် ထောင်နန့်ချီသည့် လူအများအပြား လမ်းမများထွက်ကာဆန့်ကျင် ဆန္ဒပြခကတ်ကြောင်း သိရသည်။
ဓာတ်ဆီဈီးနှုန်းမြင့်တက်မှုသည် အသေးစားစီးပွားရီးလုပ်ငန်းများလုပ်ကိုင်ရန် ခက်ခဲစီပြီး အစားအသောက်ဈီးနှုန်းများပါ မြင့်တက်စီသည့်အတွက် အစိုးရ၏ စီးပွားရီးဆန့်ကျင်မှုလုပ်ရပ်များကို ဆန္ဒပြလူများက ဆန့်ကျင်ကန့်ကွက်ခကတ်သည်။
လက်ဟိကိုလံဘီယာသမ္မတ ဂူစတာဗို ပီထရို ကတော့ လောင်စာဆီထောက်ပံ့မှုသည် တနှစ်ကို အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ လောက်ကုန်ကျကြောင်း ပြောဆိုထားပြီး နိုင်ငံ၏လောင်စာဆီအများစုကိုထုတ်လုပ်သည့် ရီနံကုမ္ပဏီကို အကြွီးဆပ်ရန်နန့် ရန်ပုံငွေပိုရဟိရန်အတွက် ထောက်ပံ့ကြေးများကို ဖယ်ယှားလားမည်ဟု တုံ့ပြန်ထားသည်။
နိုင်ငံ၏ ဆင်းရဲမွဲတေမှုကို လျော့ချပြီး ကျန်ဟိနီသိမ့်သည့် လက်နက်ကိုင်အဖွဲ့များနန့် ငြိမ်းချမ်းလုပ်မည်ဆိုသည့် ဂူစတာဗို ပီထရို အစိုးရ တက်လာပြီးနောက် တနှစ်အကြာတွင် ပြည်သူများ၏ မကျေနပ်မှုများ ကြီးထွားကာ ဆန္ဒပြမှုများ ဖြစ်ပွားနီခြင်းဖြစ်သည်။
ကိုလံဘီယာအစိုးရသည် နိုင်ငံအတွင်းဟိ ကျေးလက်ဒေသများတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန် ရုန်းကန်နီရပြီး ၂၀၂၃ ခုနှစ် တွင် ၁ရာခိုင်နှုန်းယာ တိုးတက်မည်ဟု မျှော်လင့်ထားသည့် နိုင်ငံစီးပွားရီးကို မြှင့်တင်ရန်ကြိုးပမ်းနီရကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ဆိုသည်။
လစဉ်ထောက်ပံ့ကြေးများကို လျော့ချလိုက်ခြင်းကြောင့် ကိုလံဘီယာ၏ ဓာတ်ဆီစျေးနှုန်းသည် ပြီးခသည့် ၂၀၂၂၊ ဩဂတ်စ် လတွင် တဂါလန်ကို ပီဆို ၉၀၀၀ (အမေရိကန်ဒေါ်လာ ၂.၅၀) မှ လက်ဟိတွင် ပီဆို ၁၄၀၀၀ ကျော် (ဒေါ်လာ ၃.၄၀) အထိ မြင့်တက်နီကြောင်း သိဟိရသည်။
Source – Thousands take to Colombias streets to protest 50% increase in gasoline prices
Photo – AP
