APM ၊ ဩဂတ်စ် ၂၉ / ၂၀၂၃
ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ စစ်ဖီးယှောင် စခန်းများ၌ ခိုလှုံနီကတ်ရသည့် စစ်ဖီးယှောင်အမျိုးသမီးများတွင် အခြီခံကျန်းမာရီးအသုံးအဆောင် ဖြစ်သည့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ အခက်ကြုံနီကတ်ရကြောင်း သိရသည်။
ရက္ခိုင်တွင် ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ နှစ်ဖက်အပစ်အခတ်ရပ်ထားကေလေ့ ကျေးရွာအနားတွင် မြန်မာစစ်တပ်က တပ်စွဲထားမှု၊ မိုင်းအန္တရာယ်စိုး ရိမ်ရမှုများကြောင့် လက်ဟိ အချိန်ထိ နီရပ်မပြန်ဝံ့ဘဲစစ်ဖီးယှောင်စခန်းများတွင်ခိုလှုံနီကတ်ရသူစစ်ဖီးယှောင် ဦးရေ ၆၀၀၀၀ ကျော်ကျန်နီသိမ့်သည်။
ယင်းအထဲတွင် အမျိုးသမီးအများစုပါဝင်ပြီး စစ်ဖီးယှောင်အမျိုးသမီးများမှာ မုန်တိုင်းတိုက်ပြီးနောက်ပိုင်း အဖက်ဖက်က အကျပ်အတည်းနန့် ရင်ဆိုင်နီကတ်ရကာ လစဉ်သုံးပစ္စည်းများပင် ပြတ်လပ်လျက် အစစ အရာရာ အခက်အခဲဖြစ်နီကတ်ရကြောင်း စစ်ဖီးယှောင်အမျိုးသမီးများ ကပြောသည်။
အယင်ကဆိုလျှင် အလှူသျှင်များ လာရောက်လှူဒါန်းလိဟိကေလေ့ ဒေဂုလာ မလှူကတ်သည်မှာကြာမြင့်နီပြီးဖြစ်ကာ အလုပ်အကိုင်လည်း ယှားပါးသည့်အပြင် ကုန်ဈီးနှုန်းများလည်း တက်နီ၍ ဝယ်မသုံးနိုင်ကတ် ဟုသိရသည်။
ယင်းအမျိုးသမီးလစဉ်သုံးပစ္စည်းများသည် အမျိုးသမီးများ တကိုယ်ရည်သန့် ယှင်းမှုနန့် ကျန်းမာရီးအတွက် မဟိမဖြစ်လိုအပ်သည့် အတွက် လာရောက် ကူညီထောက်ပံ့ပီးစီလိုကြောင်း စခန်းတာဝန်ခံများကဆိုသည်။