
APM၊ ဩဂတ်စ် ၂၉/ ၂၀၂၃
အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနန့် ရုသျှသမ္မတ ဗလာဒီမာပူတင်ရို့သည် BRICS ထိပ်သီး အစည်းအဝေး၏ ရလဒ်များနန့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဩဂတ်စ် ၂၈ရက်နိက ဖုန်းနန့်ဆွေးနွေးခကတ်ကြောင်း သိရသည်။
နှစ်နိုင်ငံဂေါင်းဆောင်များသည် တောင်အာဖရိကတွင် ကျင်းပခသည့် BRICS ထိပ်သီးအစည်းအဝေးတွင် ရဟိခသည့် သဘော တူညီချက်များ၏ အရေးပါပုံနန့် BRICS အဖွဲ့ကိုချဲ့ထွင်ရီးသည် ကမ္ဘာ့ဩဇာကြီးမားမှုကို အထောက်အကူ ဖြစ်စီမှုနန့်ပတ်သက်၍ ဆွေးနွေးခ ကတ်သည်ဟု ကရင်မလင်နန်းတော်က ဆိုသည်။
ယင်းအပြင် နှစ်နိုင်ငံဂေါင်းဆောင်နှစ်ယောက်သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီတွင် ကျင်းပပြုလုပ်မည့် G-20 ထိပ်သီး အစည်း အဝေးနန့်ပတ်သက်၍လည်း အမြင်ချင်း ဖလှယ်မှုများ ပြုလုပ်ခသည်။
သမ္မတပူတင်က အိန္ဒိယနိုင်ငံ၏ Chandrayaan-3 အာကာသယာဉ် လပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်မှုအတွက် ဝန်ကြီး ချုပ်မိုဒီအား ချီကျူးခပြီး အာကာသကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဟိကြောင်း ပြောဆိုခသည်။
ယင်းနောက် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆက်ဆံရီး၊ သယ်ယူပို့ဆောင်ရီး၊ ထောက်ပံ့ပို့ဆောင်ရီးနန့် အကြီးစားစွမ်းအင်စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်ရီးကိစ္စရပ်များကို ဆွေးနွေးသဘောတူခကတ်ကြောင်း သိဟိရသည်။
Source – Putin, Modi discuss BRICS summit, bilateral ties over phone
Photo Business Today
