APM၊ ဩဂတ်စ် ၂၉/၂၀၂၂
ဩဂတ်စ် ၂၈ ရက်နိ ညဇာ ၄ နာရီကျော်၌ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ရွာထဲသို့ စစ်ကောင်စီတပ်မှ လက်နက် ကြီးနန့် တသိတမင် ရည်ရွယ်ချက်ဟိဟိ တသိတမင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း နောက်ထပ် အပြစ်မဲ့ ဒေသခံပြည်သူ တယောက် ထပ်မံ၍ သီဆုံးလားခကြောင်း သတင်းရဟိသည်။
ထပ်မံ သီဆုံးလားသူတယောက်မှာ မြောက်ဦးမြို့နယ် ချောင်းသစ်ရွာမှ ကင်းဆိပ်ရွာသို့ ပျိုးစိုက်ရန်ရောက်နီသူ ဦး လှအောင်သိန်း(၃၈နှစ်)ဖြစ်ပြီး၊မြောက်ဦးအခြီစိုက်စစ်ကောင်စီတပ် ခမရ (၃၇၇) နန့် (၃၇၈) တပ်ရင်းများမှ ကင်းဆိပ် ရွာထဲသို့ လက်နက်ကြီးများနန့် လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်ခံရကာ အပြင်းအထန်ဒဏ်ရာရလား၍ ဆီးရုံ၌ ဆီးကုသမှုခံယူနီစဉ် ဩဂတ်စ် ၂၈ ရက်နိ ညည့် ၈ နာရီကျော်အချိန်တွင် အသက်သီဆုံးလားခကြောင်း သိရသည်။
ကနဦးသတင်းများအရ စစ်ကောင်စီတပ်မှ ကင်းဆိပ်ရွာအား လက်နက်ကြီးနန့်ရက်ရက်စက်စက် လုပ်ကြံပစ်ခတ်မှု ကြောင့် ကင်းဆိပ်ရွာမှ ဒေါ်အေးယဉ်နု(၆၉နှစ်)နန့်မောင်မြတ်သူလင်း(၅နှစ်)ရို့သီဆုံးခရပြီး၊ ဒေဂုဦးလှအောင်သိန်းပါ ဆိုလျှင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်မြောက်ဦးမှ သီဆုံးခရလူ စုစုပေါင်းမှာ ၃ ယောက်အထိ ဟိလာနီယာ ဖြစ်သည်။
ဩဂတ်စ် ၂၈ ရက်နိက ကင်းဆိပ်ရွာ ပစ်ခတ်ခံရမှုဖြစ်စဉ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၃ ယောက်သီဆုံးခရပြီး၊ ဒဏ်ရာရလူ ၉ ယောက်ထက်မနည်းဟိခကြောင်း သိရသည်။
ယင်းအပြင် ဩဂတ်စ် ၂၈ ရက်နိ တရက်တည်း၌ မြောက်ဦးအခြီစိုက်တပ်ရင်းများသည် မြောက်ဦးမြို့၊ ကင်းဆိပ်၊ လက္ကာ၊ ဘူးရွက်မညှိုး၊ အောက်သားကန်၊ ကူးတို့၊ ဝေသာလီ၊ချောင်းနားရွာ စသည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ် တိုက်ခိုက်ခ၍ အဆိုပါနီရာများမှ ဘုန်းတော်ကြီးကျောင်းများ နန့် လူနီအိမ်များသို့ ကျရောက်ပျက်စီးကာ အပြစ်မဲ့ ပြည်သူအများအပြားမှာလေ့ သီကြီပျက်စီး ထိခိုက်ဒဏ်ရာပြီး ရွာသားများမှာလေ့ ဖီးလွတ်ရာသို့ တိမ်းယှောင် နီကတ်ရသည်ဟု သိဟိရပါသည်။
(Zawgyi)
ကင်းဆိပ်ရွာ လူမဆန်စွာပစ်ခတ်မှု ဖြစ်စဉ်အတွင်း အပြစ်မဲ့ပြည်သူတယောက် ထပ်မံ သီဆုံး၊ စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ဟိဟိ တသိတမင် လက်နက်ကြီးနန့် ပစ်ခတ်မှုကြောင့် မြောက်ဦးမှသီဆုံးလူ ၃ ယောက်အထိ ဟိလာ
APM၊ ဩဂတ်စ် ၂၉/၂၀၂၂