APM၊ ဩဂတ်စ် ၂၉/၂၀၂၂
အာရက္ခဒေသအတွင်း စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များကို ပြင်းထန်စွာရှုံ့ချပြီး၊ လူသတ်စစ်ကောင်စီနန့် လက်ပါးစီများအား ပြည်သူ့ကျိန်စာများ အယင်ဆုံးကျရောက်ပါစီကြောင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ဩဂတ်စ် ၂၈ ရက်နိက ကြေညာချက်တစောင် ထုတ်ပြန်ထားဟိသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ထုတ်ပြန်ချက်တွင် “အာရက္ခဒေသအတွင်းရက္ခိုင့်တပ်တော်(AA)နန့် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ဟိသည်။ စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ဟိသော စစ်ကောင်စီသည် ၄င်းရို့၏ ဖက်ဆစ်ထုံးစံအတိုင်း ပြည်သူများ၏ ရပ်ရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ပြည်သူများအား ဓားစာခံသဖွယ်ပြုလုပ်ခသည့်အတွက် ပြည်သူ များမှာ ထိခိုက်ဒဏ်ရာ များရဟိခြင်းနန့်သီဆုံးမှုများ ဖြစ်ပွားလျက်ဟိသည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အနီနန့် စစ်ကောင်စီ၏ လူမဆန်သော အထက်ပါလုပ်ရပ်များကို ပြင်းထန်စွာရှုံ့ချလိုက်သည်” ဟု ဖော်ပြထားသည်။
ယင်းအပြင် ပလက်ဝမြို့နယ် နန့် အာရက္ခဒေသ ရသေ့တောင်၊ မောင်တော၊ မြောက်ဦးမြို့နယ်များဟိ ပြည်သူများ အား အကြမ်းဖက်စစ်တပ်မှ စားနပ်ရိက္ခာ ဖြတ်တောက်ခြင်း၊ လက်နက်ကြီးများနန့် ယမ်းသန်းပစ်ခတ်ခြင်းများကို ဆောင်ရွက်လျက်ဟိပြီး၊ အထက်ပါလုပ်ရပ်များအား သိဟိပါလျက်နန့် မသိကျိုးကျွံပြုကာ နှုတ်ဆိတ်နီသော ရက္ခိုင် ပြည်ဖွားစစ်ကောင်စီအဖွဲ့ဝင်များနန့် စစ်ကောင်စီဝန်ကြီးများကိုလေ့ ရက္ခိုင်ပြည်၏သမိုင်းတရားခံများအဖြစ် မှတ် ယူကာ ပြင်းထန်စွာရှုံ့ချကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ယင်းနောက် “မတရားသတ်ဖြတ်ခြင်းခံရသော ရက္ခိုင်ပြည်သူများအပါအဝင် လူသတ်စစ်ကောင်စီ၏ မတရားသတ် ဖြတ်အနိုင်ကျင့်မှုခံခရသောလူထုအားလုံးအတွက် လူသတ်စစ်ကောင်စီအားအယင်ဆုံးအပြစ်ပီးအရေးယူပြီး တရား မျှတမှုရှာဖွီပီးရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများကို ထပ်မံတောင်းဆိုလိုက်သည်”ဟုလေ့ ဖော်ပြ ထားသည်။
ထို့ကြောင့် မတရားအသက်ပီးလိုက်ရသောရက္ခိုင်ပြည်သူများအတွက် မိသားစုများနန့်ထပ်တူဝမ်းနည်းရပါကြောင်း၊ လူသတ်စစ်ကောင်စီနန့်လက်ပါးစီများအား ပြည်သူရို့၏ ကျိန်စာများ အယင်ဆုံးကျရောက်ပါစီကြောင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
(Zawgyi)
စစ္ေကာင္စီ၏ လူမဆန္ေသာလုပ္ရပ္မ်ားကို ျပင္းထန္စြာရႈံ႕ခ်ၿပီး၊ လူသတ္စစ္ေကာင္စီနန႔္ လက္ပါးစီမ်ားအား ျပည္သူ႔က်ိန္စာမ်ား အယင္ဆုံးက်ေရာက္ပါစီေၾကာင္း ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢ ေၾကညာခ်က္ ထုတ္
APM၊ ဩဂတ္စ္ ၂၉/၂၀၂၂
အာရကၡေဒသအတြင္း စစ္ေကာင္စီ၏ လူမဆန္ေသာလုပ္ရပ္မ်ားကို ျပင္းထန္စြာရႈံ႕ခ်ၿပီး၊ လူသတ္စစ္ေကာင္စီနန႔္ လက္ပါးစီမ်ားအား ျပည္သူ႔က်ိန္စာမ်ား အယင္ဆုံးက်ေရာက္ပါစီေၾကာင္း ရကၡိဳင္ျပည္ ေက်ာင္းသားသမဂၢမွ ဩဂတ္စ္ ၂၈ ရက္နိက ေၾကညာခ်က္တေစာင္ ထုတ္ျပန္ထားဟိသည္။
ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢ၏ထုတ္ျပန္ခ်က္တြင္ “အာရကၡေဒသအတြင္းရကၡိဳင့္တပ္ေတာ္(AA)နန႔္ အၾကမ္းဖက္ ဖက္ဆစ္စစ္ေကာင္စီ႐ို႕အၾကား တေက်ာ့ျပန္တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလ်က္ဟိသည္။ စစ္ရာဇဝတ္မႈမ်ားကို ဆက္တိုက္က်ဴးလြန္လ်က္ဟိေသာ စစ္ေကာင္စီသည္ ၄င္း႐ို႕၏ ဖက္ဆစ္ထုံးစံအတိုင္း ျပည္သူမ်ား၏ ရပ္႐ြာမ်ား အတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္ကာ ျပည္သူမ်ားအား ဓားစာခံသဖြယ္ျပဳလုပ္ခသည့္အတြက္ ျပည္သူ မ်ားမွာ ထိခိုက္ဒဏ္ရာ မ်ားရဟိျခင္းနန႔္သီဆုံးမႈမ်ား ျဖစ္ပြားလ်က္ဟိသည္။ ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢ အနီနန႔္ စစ္ေကာင္စီ၏ လူမဆန္ေသာ အထက္ပါလုပ္ရပ္မ်ားကို ျပင္းထန္စြာရႈံ႕ခ်လိုက္သည္” ဟု ေဖာ္ျပထားသည္။
ယင္းအျပင္ ပလက္ဝၿမိဳ႕နယ္ နန႔္ အာရကၡေဒသ ရေသ့ေတာင္၊ ေမာင္ေတာ၊ ေျမာက္ဦးၿမိဳ႕နယ္မ်ားဟိ ျပည္သူမ်ား အား အၾကမ္းဖက္စစ္တပ္မွ စားနပ္ရိကၡာ ျဖတ္ေတာက္ျခင္း၊ လက္နက္ႀကီးမ်ားနန႔္ ယမ္းသန္းပစ္ခတ္ျခင္းမ်ားကို ေဆာင္႐ြက္လ်က္ဟိၿပီး၊ အထက္ပါလုပ္ရပ္မ်ားအား သိဟိပါလ်က္နန႔္ မသိက်ိဳးကြၽံျပဳကာ ႏႈတ္ဆိတ္နီေသာ ရကၡိဳင္ ျပည္ဖြားစစ္ေကာင္စီအဖြဲ႕ဝင္မ်ားနန႔္ စစ္ေကာင္စီဝန္ႀကီးမ်ားကိုေလ့ ရကၡိဳင္ျပည္၏သမိုင္းတရားခံမ်ားအျဖစ္ မွတ္ ယူကာ ျပင္းထန္စြာရႈံ႕ခ်ေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။
ယင္းေနာက္ “မတရားသတ္ျဖတ္ျခင္းခံရေသာ ရကၡိဳင္ျပည္သူမ်ားအပါအဝင္ လူသတ္စစ္ေကာင္စီ၏ မတရားသတ္ ျဖတ္အႏိုင္က်င့္မႈခံခရေသာလူထုအားလုံးအတြက္ လူသတ္စစ္ေကာင္စီအားအယင္ဆုံးအျပစ္ပီးအေရးယူၿပီး တရား မွ်တမႈရွာဖြီပီးရန္ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားကို ထပ္မံေတာင္းဆိုလိုက္သည္”ဟုေလ့ ေဖာ္ျပ ထားသည္။
ထို႔ေၾကာင့္ မတရားအသက္ပီးလိုက္ရေသာရကၡိဳင္ျပည္သူမ်ားအတြက္ မိသားစုမ်ားနန႔္ထပ္တူဝမ္းနည္းရပါေၾကာင္း၊ လူသတ္စစ္ေကာင္စီနန႔္လက္ပါးစီမ်ားအား ျပည္သူ႐ို႕၏ က်ိန္စာမ်ား အယင္ဆုံးက်ေရာက္ပါစီေၾကာင္း ရကၡိဳင္ျပည္ ေက်ာင္းသားသမဂၢ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါသည္။