APM၊ ဩဂတ်စ် ၂၉/၂၀၂၂
ဩဂတ်စ် ၂၈ ရက်နိ ညဇာ ၄ နာရီကျော်၌ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ရွာထဲသို့ စစ်ကောင်စီတပ်မှ လက်နက် ကြီးနန့် တသိတမင် ရည်ရွယ်ချက်ဟိဟိ တသိတမင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း နောက်ထပ် အပြစ်မဲ့ ဒေသခံပြည်သူ တယောက် ထပ်မံ၍ သီဆုံးလားခကြောင်း သတင်းရဟိသည်။
ထပ်မံ သီဆုံးလားသူတယောက်မှာ မြောက်ဦးမြို့နယ် ချောင်းသစ်ရွာမှ ကင်းဆိပ်ရွာသို့ ပျိုးစိုက်ရန်ရောက်နီသူ ဦး လှအောင်သိန်း(၃၈နှစ်)ဖြစ်ပြီး၊မြောက်ဦးအခြီစိုက်စစ်ကောင်စီတပ် ခမရ (၃၇၇) နန့် (၃၇၈) တပ်ရင်းများမှ ကင်းဆိပ် ရွာထဲသို့ လက်နက်ကြီးများနန့် လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်ခံရကာ အပြင်းအထန်ဒဏ်ရာရလား၍ ဆီးရုံ၌ ဆီးကုသမှုခံယူနီစဉ် ဩဂတ်စ် ၂၈ ရက်နိ ညည့် ၈ နာရီကျော်အချိန်တွင် အသက်သီဆုံးလားခကြောင်း သိရသည်။
ကနဦးသတင်းများအရ စစ်ကောင်စီတပ်မှ ကင်းဆိပ်ရွာအား လက်နက်ကြီးနန့်ရက်ရက်စက်စက် လုပ်ကြံပစ်ခတ်မှု ကြောင့် ကင်းဆိပ်ရွာမှ ဒေါ်အေးယဉ်နု(၆၉နှစ်)နန့်မောင်မြတ်သူလင်း(၅နှစ်)ရို့သီဆုံးခရပြီး၊ ဒေဂုဦးလှအောင်သိန်းပါ ဆိုလျှင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်မြောက်ဦးမှ သီဆုံးခရလူ စုစုပေါင်းမှာ ၃ ယောက်အထိ ဟိလာနီယာ ဖြစ်သည်။
ဩဂတ်စ် ၂၈ ရက်နိက ကင်းဆိပ်ရွာ ပစ်ခတ်ခံရမှုဖြစ်စဉ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၃ ယောက်သီဆုံးခရပြီး၊ ဒဏ်ရာရလူ ၉ ယောက်ထက်မနည်းဟိခကြောင်း သိရသည်။
ယင်းအပြင် ဩဂတ်စ် ၂၈ ရက်နိ တရက်တည်း၌ မြောက်ဦးအခြီစိုက်တပ်ရင်းများသည် မြောက်ဦးမြို့၊ ကင်းဆိပ်၊ လက္ကာ၊ ဘူးရွက်မညှိုး၊ အောက်သားကန်၊ ကူးတို့၊ ဝေသာလီ၊ချောင်းနားရွာ စသည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ် တိုက်ခိုက်ခ၍ အဆိုပါနီရာများမှ ဘုန်းတော်ကြီးကျောင်းများ နန့် လူနီအိမ်များသို့ ကျရောက်ပျက်စီးကာ အပြစ်မဲ့ ပြည်သူအများအပြားမှာလေ့ သီကြီပျက်စီး ထိခိုက်ဒဏ်ရာပြီး ရွာသားများမှာလေ့ ဖီးလွတ်ရာသို့ တိမ်းယှောင် နီကတ်ရသည်ဟု သိဟိရပါသည်။
(Zawgyi)
ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နီမူများအား ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း ရက္ခိုင်အစည်းအရုံး(ဂျပန်) ကြေညာချက် ထုတ်ပြန်
APM၊ ဩဂတ်စ် ၂၉/၂၀၂၂
ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နီခြင်းများအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ရက္ခိုင်အစည်း အရုံး(ဂျပန်)က ဩဂတ်စ် ၂၉ ရက်နိ ဒေဂနိ ရက်စွဲနန့် ထုတ်ပြန် ကြေညာလိုက်သည်။
ထုတ်ပြန်ချက်၌ “၂၀၂၂ ခုနှစ်၊ သြဂတ်စ်လ ၂၈ ရက်နိ ညဇာဖက် အချိန်က မြောက်ဦးမြို့ ကင်းဆိပ်ကျေးရွာနန့် ဓမ္မရာဇ်ရွာများသို့ ခမရ (၃၇၇) စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးများဖြင့်ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်ခ၍ (၄) နှစ်အရွယ် အချေတဦးအပါအဝင် (၃) ဦး သီဆုံးပြီး၊ ဆရာတော် အသျှင်သူမြတ်များနန့် ပြည်သူ (၁၂)ဦးခန့် ပြင်းထန်စွာဒဏ်ရာရဟိလားကာ အရေးပေါ် ဆီးကုသမှု ခံယူလျက် ဟိကြောင်း စိတ်မကောင်းစွာ ကြားသိရပါသည်” ဟု ဖော်ပြထားသည်။
ယင်းအပြင် “စစ်ကောင်စီသည် အဂုလအတွင်း၌ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ တောင်ကုတ်မြို့နယ် အစဟိသည့် ရက္ခိုင် ပြည်တဝှမ်းလုံး၌ အလားတူ လူနီရပ်ရွာများအား အကြောင်းမဲ့ ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးများနန့် ပစ်ခတ်ခြင်း၊ အပြစ်မဲ့ အရပ် သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်ခြင်း၊ ကုန်စည်စီးဆင်းမှုများအား နည်းမျိုးစုံနန့် ဟန့်တားခြင်းစသည့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကိုအတင့်ရဲစွာဗြောင်ကျကျကျူးလွန်လျက်ဟိနီကြောင်း”လေ့ရက္ခိုင်အစည်းအရုံး(ဂျပန်)ကဆိုသည်။
ယင်းသို့ စစ်ကောင်စီအပါအဝင် မြန်မာစစ်တပ်ကို ကြောထောက်နောက်ခံပြုထားသည့် ဗမာအစိုးရအဆက်ဆက်သည် ရက္ခိုင်ပြည်က ထွက်ဟိသမျှသောသယံဇာတများ၊အခွန်အကောက်များကိုမတရားဂုတ်သွီးစုတ်သည့်အပြင်အပြစ်မဲ့ရက္ခိုင်ပြည်သူများအပေါ် အဂုပိုင် လက်နက်အားကိုးနန့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နီမည်ဆိုပါက ရက္ခိုင်ပြည်မှ ချက်ချင်းထွက်ခွာလားရန် နန့် ယင်းသို့ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသည် ဟု ရက္ခိုင်အစည်းအရုံး (ဂျပန်) ၏ထုတ်ပြန်ချက်တွင် ဖော်ပြပါဟိ ပါသည်။