
APM ၊ ဂျူလိုင် ၂၉ / ၂၀၂၃
ရက္ခိုင်ပြည် စစ်ဖီးယှောင်စခန်းများတွင် လတ်တလော၌ စားနပ်ရိက္ခာအခက်အခဲများနန့်ရင်ဆိုင်နီကတ်ရကြောင်းသိရသည်။
ရက္ခိုင်ပြည်မြို့နယ်အသီးသီးဟိ စစ်ဖီးယှောင်စခန်းများတွင် ခိုလှုံနီကတ်ရသူများသည် ၂၀၁၈/၂၀၁၉ တိုက်ပွဲကာလများ အတွင်းကပင် နီရပ်စွန်ခွာတိမ်းယှောင်လာကတ်ရသူများအပြင် ကုန်ခသည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းက နီရပ် စွန့်ခွာလာကတ်ရသူများလေ့ ပါဝင်သည်။
မုန်တိုင်းကြောင့် စစ်ဖီးယှောင်စခန်းများဟိ ယာယီနီအိမ်များမှာ ပျက်စီးခရပြီးနောက် လက်ဟိတွင် တာပေါ်လင်စဖြင့် ယာယီ ဆောက်လုပ်ထား၍ နီထိုင်ရီးစကေအဆင်ပြေကေလေ့ စားဝတ်နီရီးကတော့ အကြီးအကျယ် အခက်ကြုံနီကတ် ရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ် စစ်ဖီးယှောင်စခန်းတွင် လက်ဟိ၌ အလှူသျှင်များ နည်းပါးနီသည့်အပြင် ကုန်ဈီးနှုန်းများလေ့ အဆမတန်မြင့်တက်နီ၍ စခန်းဟိစစ်ဖီးယှောင်အများစု စားဝတ်နီရီးအခက်အခဲဖြစ်နီကတ်ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
ယိုးတရုပ်စစ်ဖီးယှောင်စခန်းတွင်အိမ်ထောင်စု ၁၅၉ စုနန့်လူဦးရေ ၆၂၇ ယောက် ခိုလှုံလျက်ဟိပြီး တကျော့ပြန် တိုက်ပွဲ ကာလအတွင်းကနီရပ်စွန့်ခွာတိမ်းယှောင်လာကတ်ရသည့် ကျောက်တော်နန့် ပုဏ္ဏားကျွန်းမြို့နယ်ဟိ ဒေးဝန်း၊ ရွက်ညှိုး တောင်၊ ဘုတ္တော၊ ကွမ်းအုံစု၊ ချောင်းတူ စသည့် ကျေးရွာများမှ ဒေသခံများဖြစ်သည်။
ယင်းအပြင် ကျောက်တော်မြို့နယ်၊ ကန်စောက်စစ်ဖီးယှောင်စခန်းတွင်လေ့ စစ်ဖီးယှောင်အများစုမှာ နိစားအလုပ်ဖြင့် ဝမ်းရီး ဖြည့် တင်းနီရကတ်ကာ မိသားစုများသည့်စစ်ဖီးယှောင်များအတွက် အကြီးအကျယ် အခက်အခဲဖြစ်နီကတ်ရသည်ဟုဆို သည်။
ကန်စောက်စစ်ဖီးယှောင်စခန်းမှာတော့ ကျောက်တော်မြို့နယ်၊ ရွှီပြည် ၊တင်းမ၊ ပြိုင်းတိုင်းနန့် ပလက်ဝမြို့နယ်၊ ပလုပ်တောင်၊ စိမ်းစင်း စသည့် ကျေးရွာများမှဒေသခံများခိုလှုံလျက်ဟိပြီး အိမ်ထောင်စု ၅၇ စုနန့် လူဦးရေ ၂၂၂ ယောက်ဟိသည်။
ရက္ခိုင်တွင် စစ်ဖီးယှောင်ခန်း တရာကျော်ဟိပြီး ယင်းစခန်းများထဲက စစ်ဖီးယှောင်အများစုမှာ ကြုံရာကျဗန်းအလုပ်ဖြင့် စားဝတ်နီရီးအတွက် ဖြစ်ပိုင်ရုန်းကန်နီကတ်ရကာ အဆင်မပြေမှု ပေါင်းများစွာကို ဆိုးဝါးစွာရင်ဆိုင်နီကတ်ရသည်။
လက်ဟိအချိန်ထိ ရက္ခိုင်ဟိ စစ်ဖီးယှောင်စခန်းအသီးသီး၌ နီရပ်မပြန်နိုင်သိမ့်သော စစ်ဖီးယှောင်ဦးရေ ၇ သောင်းကျော် လောက် ဟိနီသိမ့်ကြောင်း သိဟိရသည်။
