
APM ၊ ဂျူလိုင် ၂၉ / ၂၀၂၃
ဘဏ္ဍာရီးစည်းမျဥ်း စည်းကမ်းဆိုင်ရာ FFP အား ချိုးဖောက်မှုကြောင့် စီးရီးအေကလပ် ဂျူဗင်တပ်အသင်းကို ဥရောပဘောလုံးပြိုင်ပွဲဝင်ခွင့်မှ ပိတ်ပင်လိုက်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က အတည်ပြုထုတ်ပြန်သည်။
ဂျူဗင်တပ်သည် လာမည့်ရာသီ၌ ဥရောပပြိုင်ပွဲတခုဖြစ်သည့် ကွန်းဖရန်းလိဂ် ဝင်ခွင့်ရထားကေလေ့ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း အသင်း၏ အသုံးစရိတ်များအား စုံစုံလင်လင်မတင်ပြဟုဆိုကာ UEFA မှ အရေးယူလိုက်ခြင်းဖြစ်သည်။
ယင်းအပြင် ဒဏ်ကြေးငွေအဖြစ် စတာလင်ပေါင် ၁၇.၁၄ သန်း ချမှတ်ခကြောင်းလေ့ သိရသည်။
ဂျူဗင်တပ် ဥက္ကဠ ဂီယန်လူကာ ဖာရာရိုကတော့ ၎င်းရို့အသင်းသည်အမှား မကျူးလွန်ကြောင်း၊ UEFA မှ ချမှတ်သည့် ပြစ်ဒဏ်များအတွက် စိတ်မကောင်းဖြစ်ရကြောင်း နန့် ဒေဂု စီရင်ချက်များအား အယူခံဝင်ဖို့ မဟုတ်ကြောင်း ပြောကြားခသည်။
Source-Juventus banned from European competition due to violation of financial rules
Photo-Dreamstime
