
APM၊ ဂျူလိုင် ၂၉ / ၂၀၂၃
ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းသည် ဆီဗီလာအသင်းမှ မော်ရိုကို တိုက်စစ်မှူး အန်နက်ဆီရီကို ပြောင်းရွှိကြေး ယူရို ၄၅ သန်းဖြင့် ကမ်းလှမ်းထားကြောင်းသိရသည်။
အယ်လ်ဟီလယ်အသင်းဖက်မှ ကဇတ်သမားအား တနှစ်လုပ်ခ ယူရို ၁၅ သန်းဖြင့် ၃ နှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းထား ခြင်းဖြစ်သည်။
တိုက်စစ်မှူး အန်နက်ဆီရီ ကိုခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းဖက်မှ (၂) ကြိမ်တိုင်တိုင် ကမ်းလှမ်းမှုကို ဆီဗီလာအသင်းဖက်က ပယ်ချခကေလေ့ လက်ဟိ အယ်လ်ဟီလယ်အသင်း၏ ကမ်းလှမ်းမှုကို ထည့်သွင်းစဉ်းစားရန် အလားအလာဟိနီသည်။
အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး အန်နက်ဆီရီသည် ၂၀၂၀ ခုနှစ်တွင် လီဂါနက်စ်အသင်းမှ စီဗီလာအသင်း သို့ ပြောင်းရွှိ လာပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၅၅ ပွဲ၌ ၅၃ ဂိုးသွင်းယူထားသည်။
Source – Saudi Arabia tempt Sevilla star En-Nesyri
Photo – Football Fancast
