
APM ၊ ဂျူလိုင် ၂၉ / ၂၀၂၃
ဒေနိ(ဂျူလိုင် ၂၉ ရက်နိ) ညဇာ ၄ နာရီက ကဇတ်တေ FIFA-MFF ယူ-၁၅ လိဂ် ပွဲစဉ် (၆) တွင် ရက္ခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည် မိုးသည်းထန်စွာရွာနီသည့်ကြားမှ Red Hawks ရန်ကုန် ယူ-၁၅ အသင်းအား ၆ ဂိုး၊ ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ယူနိုင်ခကြောင်း သိရသည်။
ရန်ကုန်မြို့ဟိ သုဝဏ္ဏ လိကျင့်ရီးကွင်း (၁) စက်ဘီးကွင်းတွင် ယှဥ်ပြိုင်ခသည့် ယင်းပွဲစဉ်တွင် ပွဲကဇတ်ချိန်၌ မိုးသည်းထန်စွာ ရွာသွန်းခခြင်းဖြစ်သည်။
ရက္ခိုင်ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကိုတော့ ပြိုင်ပွဲတလျှောက် ဂိုးအများဆုံးသွင်းယူထားသည့် တိုက်စစ်မှူး ညီညီသန့် က ၂ ဂိုး၊ တောင်ပံကဇတ်သမား မင်းကို က ၁ ဂိုး၊ နောက်တန်းကဇတ်သမား ထက်အောင်ကျော် က ၁ ဂိုး၊ တောင်ပံကဇတ်သမား အောင်သီဟ က ၁ ဂိုး နန့် တိုက်စစ်မှူး စွမ်းဇာနည်ရို့က ၁ ဂိုးစီ အသီးသီးသွင်းယူခကတ်သည်။
ပွဲစဉ်(၅) အပြီး အမှတ်ပီးဇယားထိပ်ဆုံး၌ ရပ်တည်နိုင်ခသည့် ရက္ခိုင်ယူနိုက်တက် ယူ-၁၅ အသင်းသည် ဒေနိနိုင်ပွဲကြောင့် ရမှတ် ၁၆ မှတ်ဖြင့် ဇယားထိပ်တွင် ဆက်လက်ရပ်တည်နီကြောင်း သိဟိရသည်။
Source-Rakhine United Football Club
Photo-MFF
