APM ၊ ဂျူလိုင် ၂၉ / ၂၀၂၃
ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် IDP စခန်းမှ မူဆလင် ကျောင်းသား ၃ ယောက် ပြန်ပီးဆွဲခံထားရပြီး၊ ပြန်ပီးဆွဲသူများက ငွေကျပ် သိန်းတရာတောင်းကာ မပေးလျှင်အသက်အန္တရာယ်ဟိနိုင်သည်ဟု ခြိမ်းခြောက်ခံနီရကြောင်း သိရသည်။
ပြန်ပီးဆွဲခံရသူများမှာ ဦးမောင်နီချေ၏သား အသက် ၁၈ နှစ်အရွယ် မောင်ဆင်ခမောက်၊ ဦးလာလု၏သား အသက် ၁၉ နှစ်အရွယ် မောင် အလ်ဖင် နန့် အဖဦးဘော်ထီး၏ သား မောင်ဆင်ခမောက် ရို့ဖြစ်ကတ်သည်။
၎င်းရို့ ၃ ယောက်ကို ကုန်ခသည့်ဂျူလိုင် ၁၉ ရက်နိက တရွာတည်းနီ အသူမိုဂျီ ၊ လှချောင်သာရို့အပါအဝင်လူတချို့က မလေးသျှားသို့ ပို့ပီးမည်ဟုဆိုကာ လိမ်ခေါ်လားခပြီးနောက် မိဖများနန့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနီခြင်းဖြစ်သည်။
လက်ဟိတွင် သူရို့ ၃ ယောက်သည် ရန်ကုန်ဟိ လူကုန်ကူးပွဲစားများလက်ထဲသို့ရောက်နီပြီး တယောက်စီ ငွေကျပ်သိန်း ၁၀၀ ပီးရမည်ဖြစ်ကာ မပီးလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံနီရကြောင်း မိသားစုဝင်များကပြောသည်။
မိသားစုများမှာ ပင်ပန်းဆင်းရဲသူများဖြစ်၍ ငွေကျပ်သိန်းတရာရဟိရန် အခက်ကြုံနီကတ်ရပြီး ယင်းမူဆလင်ကျောင်းသား ၃ ယောက်သတင်းရကေလေ့ နီရာအတိအကျကိုမပြောပြခ၍ ရောင်းစားခံရမည်ကိုလေ့ စိုးရိမ်နီကတ်ရသည်ဟုဆိုသည်။
ယင်းအထဲမှ ဦးမောင်နီချေ၏သား မောင်ဆင်ခမောက်သည် အစိုးရကျောင်းတွင် ပညာသင်ယူနီသည့် ၈ တန်းကျောင်းသား ဖြစ်ပြီး၊ ဦးလာလု၏သား မောင် အလ်ဖင်သည် ပလီတွင် မူဆလင်ဘာသာကို သင်ယူနီသည့် ၇ တန်းကျောင်းသားဖြစ်ကာ ဦးဘော်ထီး၏ သား မောင်ဆင်ခမောက်မှာတော့ ၅ တန်းကျောင်းသားဖြစ်ကြောင်း သိဟိရသည်။
Photo – ABN