APM ၊ ဂျူလိုင် ၂၉ / ၂၀၂၃
ရက္ခိုင်-ဘင်္ဂလားဒေ့ချ်နယ်စပ်ကုန်သွယ်ရီးစခန်းများ လက်ဟိအချိန်ထိ ပုံမှန်မလည်ပတ်နိုင်သိမ့်၍ ကုန်တင်ကုန်ချ အလုပ်သမားရာနန့်ချီ စားဝတ်နီရီး အခက်ကြုံနီကတ်ရကြောင်း သိရသည်။
ရက္ခိုင်ပြည်ထွက် ကြက်သွန်၊ ကွမ်းသီး၊ အုန်းသီး၊ ငရုပ်၊ ဂျင်း၊ ငါး၊ ပုစွန်၊ ကဏန်းစသည့် ကုန်ပစ္စည်းများကို စစ်တွေနန့် မောင်တောနယ်စပ်ကုန်သွယ်ရီးစခန်းများမှတဆင့် ဘင်္ဂလားဒေ့ချ်သို တင်ပို့နီခြင်းဖြစ်ပြီး၊ ဘင်္ဂလားဒေ့ချ်ဖက်မှ ပလပ်စတစ် ပစ္စည်းများနန့် သံထည်ဆောက်လုပ်ရီးပစ္စည်းများကို အဓိကတင်သွင်းနီခြင်းဖြစ်သည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ချ်ဖက်မှ ကြက်သွန်ဖြူနန့် ဂျင်း နှစ်မျိုးတည်းကိုရာ တင်ပို့ရန် ကန့်သတ်လိုက် သည့်အပြင် ရက္ခိုင်ကကုန်သွယ်ရီးစခန်းဂိုဒေါင်များလေ့ ပြန်မပြုပျင်သိမ့်၍ ကုန်သွယ်ရီးလုပ်ငန်းမှာ လက်ဟိအချိန်ထိ ပုံမှန်မလည်ပတ်နိုင်ဖြစ်နီရသည်။
စစ်တွေနန့် မောင်တောကုန်သွယ်ရီးစခန်းများတွင် ကုန်တင်ကုန်ချအလုပ်ဖြင့် အသက်မွီးဝမ်းကျောင်းပြုနီသည့် အလုပ် သမား ၅၀၀ လောက်ဟိပြီး၊ လက်ဟိတွင် အလုပ်နည်းပါးသဖြင့် အဖွဲ့ခွဲ၍ လုပ်နီကတ်ရသည်ဟု အလုပ်အမားများက ပြောသည်။
ယင်းသို့ အလုပ်ယှားပါးလား၍ ဝင်ငွေနည်းပါးလာမှုကြောင့် မိသားစု စားဝတ်နီရီး အခက်အခဲဖြစ်နီကတ်ရပြီး၊ သားသမီး များ၏ ပညာရီးလိုအပ်ချက်များကိုလေ့ ထောက်ပံ့မပီးနိုင်ဟု ဆိုသည်။
ရက္ခိုင်- ဘင်္ဂလားဒေ့ချ်နယ်စပ်ကုန်သွယ်ရီးတွင် ကုန်ပစ္စည်းတင်ပို့မှုကို ကန့်သတ်ထားသရွိ ကုန်သွယ်ရီးလုပ်ငန်းများ ဆက် လက်ကျဆင်းနီမည်ဖြစ်ပြီး၊ ကုန်တင်ကုန်ချအလုပ်သမားများမှာလေ့ စားဝတ်နီရီး ပိုထိခိုက်လာနိုင်ကြောင်း ကုန်သွယ်ရီး လုပ်ငန်းသျှင်များက ပြောဆိုကတ်သည်။