APM၊ ဂျူလိုင် ၂၉/၂၀၂၂
စစ်တွေမြို့နယ်၊ တောကန်ရွာနန့်သိန်းတန်ရွာအကြား ဆက်သွယ်ထားသည့်လမ်းတွင် စစ်ကောင်စီတပ်က စခန်းချ စစ်ဆီးရီးဂိတ်ဖွင့်ပြီး ဒေသခံများကို နိုင်ထက်စီးနင်းပြုလုပ်နီသောကြောင့် ဒေသခံပြည်သူများ လားလာရန် အခက် တွိနီရကြောင်း သတင်းရဟိသည်။
ယင်း တောကန်- သိန်းတန်ကားလမ်း၌ သိန်းတန်စာသင်ကျောင်းအနားမှာ ကုန်ခသည့် ဂျူလိုင် ၁၀ ရက်နိမှစ၍ စစ်တွေအခြီစိုက်စစ်ကောင်စီတပ် အမှတ်(၉၀၈) စစ်မြီပြင် အိန်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင်များ လာရောက် စစ်ဆီးရီးဂိတ်ဖွင့်ထားခြင်းဖြစ်သည်။
ယင်း စစ်ကောင်စီတပ် စစ်ဆီးရီးဂိတ်မှ တပ်ဖွဲ့ဝင်များသည် ဒေသခံ လမ်းလားလမ်းလာများကို ခြိမ်းခြောက်ခြင်း၊ ပါလာသည့်ပစ္စည်း များထဲမှ ၎င်းရို့လိုချင်သည့်ပစ္စည်းများကို အတင်းအဓမ္မလုယူခြင်း၊ ဒေသခံများကို ဖြတ်သန်းလားလာခွင့်မပြုဘဲ လှည့်ပြန်ခိုင်းခြင်း စသည်အားဖြင့် လက်နက်အားကိုးနန့် အာဏာပြ အနိုင်ကျင့်နီကြောင်း ဒေသခံများက ဆိုသည်။
“စစ်ဆီးစွာကတော့ ဆိုင်ကယ်၊ ကား၊ ဖုန်း အားလုံးကို စစ်ပါရေ။ တချို့ဆိုကေ လားခွင့်မပီးလို့ ပြန်လှည့်လာရရေ။ တချို့ကိုတော့ ပါလာရေ ပစ္စည်းတိထဲက သူရို့လိုချင်စွာတိကိုလုယူထားလိုက်တေ။ ညည့်ခါသားဆိုကေ လုံးဝလား လို့မရ။ ယင်းပိုင် အာဏာပြ အနိုင်ကျင့်နီကတ်ပါရေ” ဟု တောကန်ရွာသားတယောက်က APM ကို ပြောသည်။
ယင်းအပြင်အဆိုပါ စစ်ဆီးရီးဂိတ်မှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မူဆလင်ဒေသခံများဆိုလျှင် မတရား ရိုက်နှက်၊ သတ်ပုတ်မှုများပြုလုပ်ပြီး တခါတရံ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ကာ လူမဆန်စွာ ငွေညှစ်မှုများလေ့ ပြုလုပ်နီသည် ဟု ဒေသခံများက ပြောသည်။
ယင်း တောကန်- သိန်းတန်လမ်းသည် တောကန်၊ သိန်းတန်၊ ရာတန်၊ ကြံတော၊ ဝါဘို၊ ညိုရောင် စသည့်ရွာများမှ ဒေသပြည်သူများ၏ ပညာရီး၊ ကျန်းမာရီး၊ လူမှုရီး စသည့် ကိစ္စရပ်များအတွက် အဓိက အသုံးပြုနီရခြင်းဖြစ်ပြီး အဂုပိုင် စစ်ကောင်စီတပ်က စစ်ဆီးရီးဂိတ်ချလျက် နိုင်ထက်စီးနင်းပြုလုပ်နီခြင်းကြောင့်ဒေသခံများမှာ ယင်းလမ်းကို ဖြတ်သန်းလားလာခြင်း မပြုဝံ့ဘဲ ရရာလမ်းမှ တိမ်းယှောင် လားလာနီကတ်ရကြောင်း သိဟိရသည်။
(Zawgyi)
စစ်တွေမြို့နယ် တောကန်-သိန်းတန်လမ်းတွင် စစ်ကောင်စီတပ်က စစ်ဆီးရီးဂိတ်ဖွင့်ပြီး ဒေသခံပြည်သူများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့် နှိပ်စက်နီ
APM၊ ဂျူလိုင် ၂၉/၂၀၂၂