
APM ၊ ဂျုန် ၂၉ / ၂၀၂၃
ရက္ခိုင်ပြည်မြို့နယ်တချို့တွင် ယှားပါးမျိုးစိပ် ငါးမန်းသားပေါက်ဖမ်း ဆီးရောင်းချနီမှုများကို ဒေလအတွင်း သိသိသာသာ
များပြားလာနီကြောင်း သိရသည်။
ယင်း ငါးမန်းသားပေါက်များရောင်းချမှုကို စစ်တွေ၊ ကျောက်ဖြူ၊မြောက်ဦးစသည့်မြို့နယ်များတွင် အများဆုံးတွိမြင်ရပြီး အ ရွယ်အစားပေါ်မူတည်၍ တကောင်လျှင် ငွေကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ကျော် အထိဈီးနှုန်းနန့်ရောင်းချနီကတ်ခြင်းဖြစ်သည်။
ရက္ခိုင်တွင် ငါးမန်းနန့်ငါးမန်းသားပေါက်များကို အယင်က ဖမ်းယူသတ် ဖြတ်ရောင်းချမှုများဟိခကေလေ့ ပေါ်ပေါ်ထင်ထင် မဟုတ်ဘဲ အဂုလက်ဟိမှာတော့ ပေါ်ပေါ်ထင်ထင် ရောင်းချနီကတ်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
သယံဇာတနန့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရီးဝန်ကြီးဌာန၊ သစ်တော ဦးစီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၆၉၀/၂၀၂၀ အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်(၅၇၇)မျိုး၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်(၉၁၄)မျိုးဟိပြီး ငါးမန်းများမှာ လုံးဝကာကွယ်ထားသည့် တိရစ္ဆာန်များထဲတွင် ပါဝင်သည်။
ယင်းအထဲ ရက္ခိုင့်ပင်လယ်ပြင်၌ ကျက်စားနီသည့်ငါးမန်းမျိုးစိပ်များမှာငါးမန်းမီးကွက်၊ငါးမန်းစွယ်သယ်နန့်ငါးမန်းဖလောင်း ရို့ပါဝင်ကတ်ပြီး ရက္ခိုင်ဈီးကွက်အတွင်း ရောင်းချနီကတ်သည်မှာ ငါးမန်းစွယ်သယ်မျိုးစိပ်ကို အများဆုံးတွိရသည်။
ယင်းအပြင် ကမ္ဘာမှာ ရှားပါးရီသယံဇာများဖြစ်ပြီး မျိုးတုန်းမည့်အရေးနန့်ကြုံနီရသည့် ပင်လယ်လိပ်မျိုးစိပ်များကိုလေ့ ရက္ခိုင်တွင်ဖမ်းယူစားသုံးသည်များဟိသည့်အပြင် လိပ်ဥ ရှာဖွီရောင်းချခြင်းများလေ့ဟိနီသည်။
မြန်မာပြည်ပင်လယ်ငါးဖမ်းလုပ်ငန်းဥပဒေအရ တားမြစ်ထားသည့် ရီနီသတ္တဝါများကို ဖမ်းဆီးသတ်ဖြတ်ရောင်းချခြင်းပြု လုပ်ပါက အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ဖြစ်စီ၊ အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၁၀၀ အထိငွေဒဏ်ဖြစ်စီ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စီချမှတ်နိုင်ကြောင်း သိရသည်။
Photo – DMG
