
APM ၊ မေ ၂၉ / ၂၀၂၄
မေ ၂၂ ရက်နိက ထုတ်ပြန်ခရေ ရက္ခိုင်ပြည်မြောက်ဖက်အခြေအနီနန့်ပတ်သက်လို့ တော်လှန်ရီးအင်အားစုတချို့ပါဝင်ရေ အရပ်ဖက်အဖွဲ့အစည်းနာမည်ခံ (၁၉၅)ဖွဲ့၏ သဘောထားပူးတွဲထုတ်ပြန်ချက်ကို ကန့်ကွက်ရှုံ့ချကြောင်း ဂျပန်အခြီစိုက် မြန်မာတိုင်းရင်းသား(၁၀)ဖွဲ့က မေ ၂၈ ရက်နိမာ ထုတ်ပြန်ကြေညာပါရေ။
ထုတ်ပြန်ချက်အရ ” ရက္ခိုင်ပြည်လက်ဟိအခြေအနီနန့် ပတ်သက်လို့ မြီပြင် ပကတိအခြေအနီကို တိကျစွာ လေ့လာစုံစမ်းခြင်းမဟိဘဲ အခြေအမြစ်မဟိရေ ပုဂ္ဂိုလ်စွဲ၊ဝါဒစွဲပါရေအချက်အလက်တိအပေါ် အခြီခံလို့ သုံးသပ်ထုတ်ပြန်ချက်တိစွာ မှားယွင်းရေ ရလဒ်တိ ဖြစ်ပေါ်စီရေအတွက် (၁၉၅)ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်ကို ကန့်ကွက် ရှုံ့ချကြောင်း” ရွီးသားဖော်ပြထားပါရေ။
ယင်းအပြင် ရက္ခိုင်ဒေသအတွင်း အာရက္ခတပ်တော်ကို စစ်ယှုံးနီရေ စစ်ကောင်စီစွာ RSO၊ARSA၊ ARA စရေ မူဆလင်လက်နက်ကိုင် အဖွဲ့အစည်းတိနန့် ပူးပေါင်းဆောင်ရွက်ပနာ ပြည်သူလူထုကြား လူမျိုးရီး၊ ဘာသာရီး အဓိကရုဏ်းဖြစ်ပေါ်စီဖို့ နည်းလမ်းပေါင်းစုံနန့် လုပ်ဆောင်နီကြောင်း၊ နိုင်ငံတကာရောက် အရပ်ဖက်အဖွဲ့အစည်း နာမည်ခံ ကိုယ်ကျိုးရှာ အဖွဲ့တိနန့် တော်လှန်ရီးအင်အားစုတချို့ပါ၀င်ရေ (၁၉၅)ဖွဲ့စွာ စစ်ကောင်စီ၏ သဘောထားအာဘော်နန့်တူရေ မဟုတ်မမှန် သတင်းတိကို ရည်ရွယ်ချက်ဟိဟိ ထုတ်ပြန်ထားစွာလို့” ဆိုပါရေ။
ယင်းကြောင့် အဆိုပါ (၁၉၅)ဖွဲ့မာ လူအခွင့်အရေးဂေါင်းစဉ်နန့် အသုံးချခံအဖြစ် ပါဝင်ခရေ အဖွဲ့အစည်းတိအနီနန့်လည်း ရက္ခိုင်ပြည်ဒေသတွင်း ပကတိအဖြစ်အမှန်ကို မသိဘဲပါဝင်ခြင်းမှ နုတ်ထွက်ကတ်ဖို့ကို တိုက်တွန်းပြောဆိုထားရေ။
၎င်းရို့တိုင်းရင်းသား(၁၀)ဖွဲ့အနီနန့်လည်းစစ်အာဏာသျှင်စနစ်ကျယှုံးရီးနန့်စစ်မှန်ရေ ဒီမိုကရေစီနိုင်ငံတော်သစ်တရပ်ဖြစ်ပေါ်ရီးအတွက် မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်း၊ပဲခူးတိုင်းနန့် ရက္ခိုင်ဒေသရို့မာ တိုက်ပွဲဝင်နီရေ အာရက္ခတပ်တော်နန့်အတူ ရပ်တည် တိုက်ပွဲဝင်လားဖို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားရေ။
ပူးတွဲထုတ်ပြန်ချက်မာ ပါဝင်ရေ တိုင်းရင်းသား (၁၀) ဖွဲ့မာ Association of United Nationalities Japan (AUN-Japan)၊ Kachin Affaairs Oraganization (KAO-Japan)၊ Karenni National Society Japan (KNS-Japan)၊ OVersea Karen Organization Japan (OKO-Japan)၊ Chin Community of Japan (CCJ-Japan)၊ Punnyakary Mon National Society Japan (PMNS-Japan)၊ Arakan National Democratic Party Japan(ANDP- Japan)၊ Shan Community ln Japan(SCJ-Japan)၊ Palaung National Society Japan (PNS-Japan) နန့် Pa-O Affaris Society Japan(PAS-Japan)ရို့ ဖြစ်ပါရေ။

