APM ၊ ဧပြီ ၂၉ / ၂၀၂၃
စစ်တွေမြို့၊ ဆတ်ရိုးကျ ကယ်ဆယ်ရီးအကွက် (၂) သို့ ရောက်နီသည့် ပေါက်တောဒေသခံတယောက်ကို ALP/ALA တပ်ဖွဲ့ ဝင်များက ပြန်ပီးဆွဲယူလားခရာ ကုန်ခသည့် ဧပြီ ၂၀ ရက်နိတွင် ကျပ်သိန်း ၃၅၀ နန့် ပြန်ရွီးခရကြောင်း ကာယကံ သျှင်နန့် ပြန်ရွီးခရသူများကပြောသည်။
ပြန်ပီးဆွဲခံရသူမှာ ပေါက်တောမြို့နယ်၊ ကံပြင်ရွာမှ ရွာလူကြီး ဦးမောင်ငြိမ်း ဖြစ်ပြီး ဦးမောင်ငြိမ်းသည် ဧပြီ ၁၈ ရက်နိက နီမကောင်းဖြစ်၍ စစ်တွေဆီးရုံကြီး၌ ဆီးကုသနီရသည့် တူဖြစ်သူကို သတင်းလားမိန်းရင်း ကယ်ဆယ်ရီး အကွက် (၂) ဟိ အစ်မအိမ်သို့ အလည်ရောက်နီအချိန် ALP အဖွဲ့ဝင် ၅ ယောက်က ဖမ်းဆီး ပြန်ပီး ဆွဲလားခြင်း ဖြစ်သည်။
ယင်းနောက် ဧပြီ ၁၉ ရက်နိမိုးထ ၉ နာရီခန့်တွင် လာရောက်ရန် မိသားစုဝင်များကို ချိန်းဆိုသဖြင့် ကံပြင်ရွာ ဦးကျောင်းထိုင်း ဆရာတော်နန့် ဒါယကာ ၆ ယောက် လားရောက်ညှိနှိုင်းရာမှာ ဦးမောင်ငြိမ်းကို ပြန်လိုချင်လျှင် ကျပ်သိန်း ၇၀၀ ပီးရမည့်ဟု တောင်းကြောင်း သိရသည်။
ယင်းနောက်အဆင့်ဆင့်ညှိနှိုင်းရာ ဧပြီ ၂၀ ရက်နိမိုးထတွင် ငွေကျပ် သိန်း ၃၅၀ ဖြင့်သဘောတူညီမှုရကာ ပြန်လွှတ်ပီး လိုက်သည်ဟုဆိုသည်။
ယင်းငွေကျပ်သိန်း ၃၅၀ ကိုလေ့ ဆွေမျိုး၊ မိတ်ဆွေများထံမှ အကူအညီတောင်းခံလျက် ချက်ချင်းပီးဆောင်ခရပြီး ငွေကို တော့ သီဆုံးလားသည့် ALP ရဲဘော် ခိုင်သူရိန္ဒ၏ ဇနီးဖြစ်သူက ရေတွက်ကာ လက်ခံသည့်နီရာတွင် အသိသက်သီ အဖြစ် ဦးလှထွန်းဇံ၊ သားဖြစ်သူ ဦးမောင်၊ စခန်းမှူးဆိုသူတဦး၊ တရားသူကြီးဆိုသူတဦးနန့် နာယက ဆိုသူတဦး ဟိကြောင်း ငွေလားရောက်ပီးချီခသည့် ကံပြင်ရွာဦးကျောင်း ဆရာတော်က မိန့်သည်။
ALP/ALA အဖွဲ့ဝင်များသည် စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှာ အထိုင်ချတပ်စွဲထားပြီး ဒေရက်ပိုင်းအတွင်း စစ်တွေမြို့ အမှတ် (၂)နယ်မြီရဲစခန်းက ရဲတပ်ဖွဲ့ဝင်များနန့် ပူးပေါင်းကာ ဒေသခံအရပ်သားပြည်သူများကို မတရာဖမ်းဆီးခြင်း၊ ငွေများ ကောက်ခံခြင်း၊ ငွေညှစ်ခြင်းများကို လုပ်ဆောင်လာသည့်အပြင် ဒေသခံပြည်သူများကို ခြိမ်းခြောက်မှုများ ပိုမိုပြုလုပ် ဆောင်လာကြောင်း သိဟိရသည်။