
APM ၊ ဧပြီ ၂၉ / ၂၀၂၃
ကာတာနိုင်ငံသည် ၂၀၂၇ ခုနှစ် အမျိုးသား ဘတ်စကက်ဘောကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်သျှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံတကာ ဘတ်စကက်ဘော အဖွဲ့ချုပ် (FIBA)မှ ဧပြီ ၂၈ ရက်နိတွင် အတည်ပြု ကြေညာသည်။
အရှိအလယ်ပိုင်းနိုင်ငံဖြစ်သည့် ကာတာသည် ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်သျှင်အဖြစ် လက်ခံ ကျင်းပခပြီးနောက် နောက်ထပ်ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် အမျိုးသား FIBA ဘတ်စကက်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်သျှင်အဖြစ် လက်ခံကျင်းမည်ဖြစ်သည်။
နိုင်ငံတကာ ဘတ်စကက်ဘော အဖွဲ့ချုပ် FIBA ၏ ထုတ်ပြန်ချက်တွင် “ ကာတာသည် ၂၀၂၂ ကမ္ဘာ့ဖလားကို ကျင်းပ ထားသော နိုင်ငံဖြစ်သည့်အတွက် နေရာသစ်များဆောက်လုပ်ခြင်း၊ အချိန်နန့် ကုန်ကျစရိတ်သက် သာစီမည့် နီရာ ထိုင်ခင်းများအလွယ် တကူဟိပြီး၊ လူမှုရီးအမွီအနှစ်များကို ပီးအပ်ရန် အာရုံစိုက်လိမ့်မည်” ဟု ဖော်ပြထားသည်။
ကာတာသည် ဓာတ်ငွေ့ကြွယ်ဝသောနိုင်ငံတနိုင်ငံဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတည်ဆောက်မှု ပရော ဂျက်အတွင်း ရွိပြောင်းလုပ်သား အင်အားအပေါ် ဆက်ဆံမှုကြောင့် ပြင်းထန်သောဝေဖန်မှုများနန့် ရင်ဆိုင်ခရ ကြောင်းသိရသည်။
Source – Qatar to host men’s basketball World Cup in 2027
Photo – Reuters
