
APM ၊ ဧပြီ ၂၉ / ၂၀၂၃
ပေါက်တောမြို့နယ်တွင် ဧပြီ ၂၈ ရက်နိက နီအိမ်တဆောင်မီးလောင်မှုဖြစ် ပွားခပြီး သားအမိ နှစ်ယောက်မီးထဲဝင်ပါကာ သီဆုံးလားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ခသည့်နီအိမ်မှာ ပေါက်တောမြို့နယ်၊ ညောင်ပင်ချိုင်ရွာမှ ဒေါ်သန်းနွဲ့(၅၃ နှစ်)၏ နီအိမ်ဖြစ်ပြီး သီဆုံး လားသူသားအမိမှာ အိမ်ပိုင်သျှင် ဒေါ်သန်းနွဲ့နန့် စစ်တွေတက္ကသိုလ်၌ သမိုင်းမေဂျာ ပထမ နှစ်တက် ရောက်နီသည့် သမီးဖြစ်သူ မနန္ဒာလင်း (၂၂ နှစ်)ရို့ ဖြစ်သည်။
ဒေါ်သန်းနွဲ့၏ နီအိမ်၌ ကုန်စုံဆိုင်ခန်းတွဲဖွင့်ထားခြင်းဖြစ်ပြီး ဧပြီ ၂၈ ရက်နိ ညဇာ ၇ နာရီခန့်က သမီးဖြစ်သူ မနန္ဒာလင်း မီးဖိုနီစဉ် မိခင်ဖြစ်သူက ဂါလံဘူးမှ ဓာတ်ဆီများကို ရီသန့်ဘူးထဲသို့ ဖြည့်နီရာမှ မီးကူး စက်လောင် ကျွမ်းခခြင်းဖြစ်သည်။
မီးစတင်လောင်ကျွမ်းချိန် သားမိနှစ်ယောက်စလုံး ထွက်ဗြီးလွတ်မြောက်ခကေလေ့ မိခင်ဖြစ်သူ တဖန်ပြန်၍ ကုန်စုံ ဆိုင်ထဲဟိ ဆိုင်ဝန်များကို ဆွဲထုတ်ယူရန် ဝင်လာစဉ် မီးထဲပိတ်မိနီသဖြင့် သမီးဖြစ်သူဝင်ကယ်ရာမှ နှစ်ယောက်စလုံး မီးထဲပါလားခသည်။
မီးလောင်မှုကို ရပ်သူရွာသားများ ဝိုင်ဝန်းငြိမ်းသတ်မှုကြောင့် ညည့် ၈ နာရီခန့်တွင် မီးငြိမ်းလားခပြီး သီဆုံးလားသူ သားအမိနှစ်ယောက်၏ ရုပ်အလောင်းကိုတော့ ရွာသုဿန်၌ သင်္ဂြိုလ်ရန် ပြင်ဆင်နီကတ်ကြောင်း သိရသည်။
