
APM ၊ ဧ ပြီ ၂၉ / ၂၀၂၃
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ကချင်အမျိုးသား လွတ်မြောက်ရီးတပ်(KIA) တပ်ရင်းမှူး နန့် ၎င်း၏ သက်တော်စောင့် အပါအဝင် လူ ၉ ဦးသတ်ဖြတ်ခံခရသည်ဟု သိရသည်။
ကောလင်းခရိုင် KIA/PDF ပူးပေါင်းတပ်ဖွဲ့၏ တပ်ရင်းမှူး ဒူဂျွန် နန့် ၎င်း၏ သက်တော်စောင့်ကို ဧပြီလ ၂၆ ရက်နိ၌ မြန်မာစစ်တပ်စစ်ကြောင်းတခုက သတ်ဖြတ်ခပြီးနောက်တပ်ရင်းမှူးနှင့် သက်တော်စောင့်ကို လိုက်လံရှာဖွီသူ ၇ ဦး
မှာလေ့ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များနန့် ထိတွိတိုက်ပွဲ ဖြစ်ပွားပြီး ဧပြီ၂၇ ရက်နိတွင် သီဆုံးခကြောင်း BBC သတင်းက ဖော်ပြသည်။
မြန်မာစစ်တပ်၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် KIA/PDF တပ်ရင်း(၁) မှတပ်ရင်းမှူးနန့်ကောလင်း ပလဖဂေါင်းဆောင် ၂ ဦးအပါ အဝင် KIA/PDF ၈ ဦးကို ယှင်းလင်း၍ လက်နက် ခဲယမ်းများကို သိမ်းယူခသည်ဟု ဖော်ပြထားသည်။
သီဆုံးလူများ အားလုံးကို ဧပြီ ၂၈ ရက်နိမှာ သင်္ဂြိုလ်ပြီး ဖြစ်ကြောင်း သိရသည်။
Photo – BBC
