APM ၊ ဧပြီ ၂၉ / ၂၀၂၃
ဧပြီ ၂၇ ရက်နိတွင်ကျရောက်သော ကျောင်းသားလက်ရုံးတပ်တော်(Student Armed Force-SAF) ၏ တပ်တည် ထောင်ခြင်း (၂) နှစ်ပြည့်နေ့အခမ်းအနားသို့ ရက္ခိုင့်တပ်တော် AA နိုဗာစစ်ဆင်ရီးဒေသမှ ဂုဏ်ပြုသဝဏ် လွှာပီး ပို့လိုက်ကြောင်း သိရသည်။
သဝဏ်လွှာ၌ “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နိမှစ၍ တိုင်းပြည်အာဏာအရပ်ရပ်ကို စစ်ကောင်စီမှ အတင်းအဓမ္မသိမ်းယူလိုက်သောကြောင့် မြန်မာပြည်အတွင်းမှ တိုင်းရင်းသားလူမျိုးပေါင်းစုံရို့သည် မိမိလူမျိုး၊ မိမိနယ်မြီဒေသများကို အသီးသီးကာကွယ်ရန်အတွက် လူမျိုးအခြီပြုကာကွယ်ရီးတပ်၊ ပြည်သူ့ကာကွယ်ရီးတပ် ၊ဒေသကာကွယ်ရီးတပ်များကို အသီးသီးဖွဲ့စည်းကာ အာဏာသိမ်းစစ်ကောင်စီအား ရရာလက်နက်၊ ရသည့် နည်းလမ်းပေါင်းစုံဖြင့် ခုခံကာကွယ်တော်လှန်စစ်ကို ဆင်နွှဲလာခကတ်သည်မှာ နွီဦးတော်လှန်ရီး သက်တမ်းနှစ်နှစ် ကျော်ကာလသို့ ရောက်ဟိလာခပြီးဖြစ်သည်” ဟုဖော်ပြထားသည်။
ယင်းအဖွဲ့အစည်းများထဲမှ လွတ်လပ်မှု၊ တရားမျှတမှုနန့် တန်းတူညီမျှမှုရို့ထွန်းကားသော နိုင်ငံတော်သစ် တရပ် တည်ဆောက်ရန်အတွက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၇ ရက်နိတွင် ကျောင်းသားလူငယ် ၂၂ ယောက်ဖြင့် စတင်ဖွဲ့ စည်းခသော ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force – SAF) ၏ တပ်တည်ထောင်ခြင်း ကာလမှာလေ့ နှစ်နှစ်ပြည့် နိသို့ပင် ရောက်ဟိလာခပြီးဖြစ်ကြောင်း သဝဏ်လွှာက ဆိုသည်။
ယင်းအပြင် “နိုင်ငံတိုင်းတွင် ကျောင်းသားလူငယ်ထုရို့သည် အစိုးရရို့၏ မတရားမှု၊ ဖိနှိပ်မှုရို့ကိုကြုံသည့် အခါတိုင်း အဖိနှိပ်ခံပြည်သူ လူထုများဖက်မှ အသက်ကို ပဓာနမထားဘဲ ရပ်တည်တိုက်ပွဲဝင်လိဟိကတ်သည်။ထို့အတူ ဒေနိုင်ငံ အတွင်းမှ ခေတ်အဆက်ဆက် ကျောင်းသားလူငယ်ထုရို့သည် အစိုးရအဆက်ဆက်တွင် အစိုးရ၏ မတရားမှု၊ ဖိနှိပ်မှုရို့ကို တိုင်းရင်းသားပြည်သူလူထုတရပ်လုံးနန့် လက်တွဲလျက် ရင်ဆိုင်ရပ်တည်ခကတ်ပြီး လူငယ့် တာဝန်၊ ကျောင်းသားတာဝန် ကျေပွန်ခကတ်သည်။ ခေတ်အဆက်ဆက်တွင် ကျောင်းသားဂေါင်းဆောင်များသည် တိုင်းပြည်ရီးရာကိစ္စရပ်များ၌ ရှိဆုံးမှ မားမားမတ်မတ်၊ ရဲရဲဝံ့ဝံ့ အသက်ကိုစွန့်လွှတ်ပြီး အာဇာနည်သူရဲကောင်း စိတ်ဓာတ်ကို ပြသခကတ်သည့် သာဓကများစွာ ကျောင်းသားလှုပ်ယှားမှုသမိုင်းထဲတွင် ထင်ရှားစွာတွိမြင် နိုင်ပါသည်”ဟုလေ့ သဝဏ်လွှာတွင်ဖော်ပြထားသည်။
ကျောင်းသားလက်ရုံးတပ်တော်သည်လေ့ ခေတ်သစ်ကျောင်းသားသမိုင်းတွင် ခေတ်တာဝန်ကို ကျီပွန်ခကတ်သော ကျောင်းသားလူငယ်ကိုယ်စားပြုတပ်တော်တခုဖြစ်သည့်အလျောက် နွီဦးတော်လှန်ရီးထဲတွင် အသက်၊ သွီး၊ ချွေး၊ ဘဝများကိုစွန့်လွှတ်ပြီး တော်လှန်ရီးတာဝန်များကို ကျီပွန်စွာ ထမ်းဆောင်နီသောအဖွဲ့အစည်းဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်သော တပ်တော်၊ စစ်အင်အား ဒေထက်ပိုမိုတောင့်တင်းသောတပ်တော်တခုဖြစ်လာအောင် တည်ဆောက်နီကတ်သော ကျောင်းသားလက်ရုံးတပ်တော်၏ အကောင်းဆုံးကြိုးပမ်းအားထုတ်နီမှုများကို အသိအမှတ်ပြုလျက် ချမှတ်ထားသောမူဝါဒ၊ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ ပြည်သူလူထုတရပ်လုံး၏ဆန္ဒများကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ပါစီဟု ဆုမွန်ကောင်းတောင်းကြောင်းလေ့ သဝဏ်လွှာ က ဆိုသည်။
အလားတူ အဖိနှိပ်ခံမြန်မာပြည်သူလူထုတရပ်လုံးအတွက် အားကိုးအားထားပြု၍ရနိုင်သော၊ အကာအကွယ်ပီး နိုင်သော တပ်ဖွဲ့တခုဖြစ်နိုင်အောင် ဆက်လက်ကြိုးစားဆောင်ရွက်ကြပါ၊ စည်းလုံးညီညွတ် မှုကိုလေ့ ဒေထက်ပိုမို တည်ဆောက်ကြပါ၊ တော်လှန်ရီး၏ အတားအဆီး၊ အခက်အခဲများကိုကျော်ဖြတ်ပြီး အနာဂတ်နိုင်ငံတော် သအတွက်၊ ပြည်သူ့အတွက် အောင် ပွဲများရယူပီးကတ်ပါရန် အားပီးတိုက်တွန်းကြောင်း လေ့ ကျောင်းသားလက်ရုံး တပ်တော် (က-လ-တ)၏ တပ်တည် ထောင်ခြင်း(၂) နှစ်ပြည့် အခမ်းအနားသို့ပီးပို့သည့် ရက္ခိုင့်တပ်တော် နိုဗာစစ်ဆင်ရီးဒေသ၏ ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြပါဟိပါသည်။