APM ၊ မာ့ချ် ၂၉ / ၂၀၂၃
မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးမြို့ကို မာ့ချ် ၂၉ ရက်နိ မိုးထက အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးနန့် ယမ်းကားပစ်ခတ်တေအတွက် အချေတယောက်အပါအဝင် မြို့ခံ ၆ ယောက် ဒဏ်ရာရလားရေလို့ သိရပါရေ။
ဒဏ်ရာရလားရေလူတိကတော့ ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်က မအေးအေးမြင့် (၁၃ နှစ်)၊ ကိုသူရိန်စိုး (၁၈ နှစ်)၊ ကိုမောင်မျိုးဆက် (၂၃ နှစ်)၊ ဒေါ်မအေး (၄၂ နှစ်)၊ ဦးမောင်အေး (၄၂ နှစ်)နန့် တောင်ပိုင်းရပ်ကွက်က ဦးမောင်ဦးချေ(၅၄ နှစ်)ရို့ဖြစ်ကတ်ပါရေ။
ဒေနိ မိုးထ ၁၀ နာရီလောက်က အမ်းမြို့နယ်၊ ကဇုကိုင်း၊ တောဟိန်းတောင်အခြီပြု အကြမ်းဖက်စစ်ကောင်စီတပ်က အများပြည်သူလူထုနီထိုင်ရာ ကမ်းထောင်းကြီးမြို့ထဲကို လက်နက်ကြီး ၅ လုံးတိတိ ကောက်ကျစ်ယုတ်မာစွာ ပစ်ခတ်ခရေလို့ မြို့ခံတိက ပြောပါရေ။
ယင်းအထဲကလက်နက်ကြီးကျည်တလုံးစွာ ကမ်းထောင်းကြီးမြို့၊ ရွာသစ်ရပ်ကွက်က ဦးမောင်အေးအိမ်နားမာကျရောက်ပေါက်ကွဲပနာ သမီးဖြစ်သူ မအေးအေးမြင့်၏ ညာဖက်လက်၊ ဦးမောင်အေး၏ ညာဖက်လက်မောင်းနန့် အိမ်သျှင်မဖြစ်သူ ဒေါ်မအေး၏ နောက်ကုန်းမာ ဒဏ်ရာအသီးသီးရလားရေလို့ ဆိုပါရေ။
ယင်းအပြင် ဦးမောင်အေးနန့် အိမ်ပါးချင်းဖြစ်ကတ်တေ ကိုသူရိန်စိုးမာလည်း ဗုံးစထိမှန်ပနာ ညာဖက်ခြီထောက် ဒူးဆစ်အောက်က လုံးဝပြတ်ထွက်လားခရေပိုင် ကိုမောင်မျိုးဆက်၏ ညာဖက်လက်မောင်းလည်း ဒဏ်ရာပြင်း ပြင်းထန်ထန် ရဟိလားပါရေ။
အလားတူ တောင်ပိုင်းရပ်ကွက်ကနီ ရွာသစ်ရပ်ကွက်သို့ ရောက်ဟိနီရေ ဦးမောင်ဦးချေ၏ ဘယ်ဖက်တင်သားနန့် ဘယ်ဖက်လက်မောင်းမာလည်း ထိခိုက်ဒဏ်ရာ ရဟိလားခပါရေ။
ကုန်ခရေ မာ့ချ် ၂၄ ရက်နိ မိုးထကလည်း ကမ်းထောင်းကြီးမြို့ဆီးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်တိုက်လီယာဥ်နန့် ဗုံးကြဲတိုက်ခိုက်ခလို့ ဆီးဝန်ထမ်းတယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရဟိလားခပါသိမ့်ရေ။