APM၊ မာ့ချ် ၂၉ / ၂၀၂၄
မကွေးတိုင်း၊ ငဖဲမြို့နယ်မာ အကြမ်းဖက်စစ်ကောင်နန့် ရက္ခိုင့်တပ်တော်ရို့ တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခရေလို့ ရက္ခိုင့်တပ်တော်က မာ့ချ် ၂၈ ရက်နိ၊ ညည့်မာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “၂၀၂၄ ခုနှစ်၊ မာ့ချ်လ (၂၆) ရက်နိ၊ မိုးထ (၁၀) နာရီ (၄၈) မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးရွာ၏ အရှိမြောက်ဖက် မီတာ (၁၅၀၀) ခန့်အကွာ၌လည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ အင်အား (၄၀) ခန့်ပါစစ်ကြောင်းနန့် ရက္ခိုင့်တပ်တော်ရို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခသည် လို့ဖော်ပြထားပါရေ။
ဒေတိုက်ပွဲမာလည်း အကြမ်းဖက်စစ်ကောင်စီဖက်က မျက်မြင် (၄) ယောက်ကျဆုံးခပြီး (၈) ယောက် ဒဏ်ရာရလားရေလို့ဆိုပါရေ။
အလားတူ ၂၀၂၄ ခုနှစ်၊ မာ့ချ် (၂၈) ရက်နိ၊ မိုးထ (၈) နာရီ (၅၈) မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဖက် မီတာ (၇၀၀) ခန့်အကွာတောင်ကြောမာလည်း ရန်သူ အင်အား (၅၀)ခန့်ပါ စစ်ကြောင်းနန့်ရက္ခိုင့်တပ်တော်ရို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခပြီး ရန်သူ့ဖက်မှ မျက်မြင် (၆) ယောက် ကျဆုံးပနာ ဒဏ်ရာရလူ (၁၀) ယောက်လောက်ဟိခရေပိုင်၊ တိုက်ပွဲအတွင်းမာလည်း ရန်သူ့လက်နက်နန့်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခရေလို့ သိဟိရပါရေ။