
ဘူးသီးတောင်၊ မောင်တော၊ မြေပုံ၊ အမ်း၊ ရက္ခိုင်ပြည်မြို့နယ် ၄ ခုမာ တိုက်ပွဲ ဆက်ဖြစ်
APM၊ မာ့ချ် ၂၉/ ၂၀၂၄
ဘူးသီးတောင်မြို့နယ်ဟိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ဘဇာ စခန်းကို မာ့ချ် ၂၅ ရက်နိမာ အပြီးသတ်သိမ်းပိုက်လိုက်တေလို့ ရက္ခိုင့်တပ်တော် AA က မာ့ချ် ၂၈ ရက်နိ၊ ညည့် ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “၂၀၂၄ ခုနှစ်၊ မာ့ချ်လ (၂၅) ရက်နိတွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာစခန်းအား သိမ်းပိုက်ရဟိခသည် ဖော်ပြထားပါရေ။
ယင်းအပြင် ၂၀၂၄ ခုနှစ်၊ မာ့ချ် (၂၅) ရက်နိ၊ မိုးထ (၁၁) နာရီ (၃၆) မိနစ်အချိန်မာ ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ရွာ၏ တောင်ဖက် (၄) ကီလိုမီတာခန့်အကွာ ဘူးသီးတောင် မောင်တောကျော်လမ်း၌ အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ၊ ခလရ (၂၃၄) တပ်ရင်းမှ အင်အား (၅၀) ခန့်ဟိ စစ်ကြောင်းနန့် ရက္ခိုင့်တပ်တော်ရို့ မိနစ်စကေကြာ တိုက်ပွဲဖြစ်ပွားခပြီး၊ တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ မျက်မြင် (၈) ဦး ကျဆုံးခရေလို့ ဆိုပါရေ။
ရက္ခိုင်ပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကိုအပြီးသတ် သိမ်းပိုက်ရယူနိုင်ရီးအတွက် ထိုးစစ်အဟိန်ကို တဆင့်ပြီးတဆင့်တိုးမြှင့်ပနာ တိုက်ခိုက်လို့ဟိရေပိုင် ရန်သူ့ဖက်ကလည်း လီကြောင်း၊ လက်နက် ကြီးပစ်ကူအများအပြားနန့် မရပ်မနားအသည်းအသန် ခုခံနီရေလို့ သိရပါရေ။
ယင်းပိုင်ဗျာယ်၊ ၂၀၂၄ ခုနှစ်၊ မာ့ချ် (၂၈) ရက်နိ၊မိုးထ (၈) နာရီ (၄၅)မိနစ်မာလည်း မြေပုံမြို့နယ်၊ လီသွန်ရွာ၏ အရှိမြောက်ဖက် မီတာ (၂၄၀၀) ခန့်အကွာ တောင်ကြောမာ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် (၃) နည်းဗျူဟာစစ်ဆင်ရီးကွပ်ကဲမှုလက်အောက်ခံ၊ ခမရ (၅၆၃) တပ်ရင်းနန့် ရက္ခိုင့်တပ်တော်ရို့တိုက်ပွဲဖြစ်ခပါသိမ့်ရေ။
ယင်းနည်းတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ဟိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးရွာ၏ အနောက်ဖက် မီတာ (၁၄၀၀) ခန့်အကွာမာ စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆) နန့် တခြားတပ်တိ စုပေါင်းထားရေ စစ်ကြောင်း နန့် ရက္ခိုင့်တပ်တော်ရို့စွာ ၂၀၂၄ ခုနှစ်၊ မာ့ချ်လ (၂၆) ရက်နိ၊ မိုးထ (၁၀) နာရီ (၁၈) မိနစ်မာ တိုက်ပွဲဖြစ်ပွားခရာ ရန်သူစွာ ဒရုန်း၊ လီကြောင်းပစ်ကူ၊ မြီပြင်လက်နက်ကြီးပစ်ကူတိနန့် တိုက်ခိုက်ခကေလေ့ နာရီဝက်ခန့်တိုက်ပွဲအတွင်း ရန်သူ့ဖက်က (၁၅) ယောက်ခန့်ကျဆုံးပနာ (၁၅) ယောက်ခန့်ဒဏ်ရာရဟိပြီးကေ တိုက်ပွဲအတွင်း ရန်သူ့လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခရေလို့ ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။

