APM ၊ မာ့ချ် ၂၉ / ၂၀၂၃
ရက္ခိုင်ပြည်မှာ စစ်ကောင်စီက အတင်းအားဓမ္မ နီရပ်ပြန်ခိုင်းမှုကြောင့် နီရပ်ပြန်လားခရသည့် စစ်ဖီးယှောင်များမှာ စားဝတ်နီရီး အခက်အခဲများဖြင့် ရင်ဆိုင်နီရကြောင်း သိရသည်။
စစ်ကောင်စီသည် ဒေနှစ် မာ့ချ်လမှစ၍ မြို့နယ်အသီးသီးဟိ စစ်ဖီးယှောင်စခန်းများတွင် ခိုလှုံလျက်ဟိသည့် စစ်ဖီးယှောင် များကို နီရပ်သို့အတင်းအဓမ္မဖိအားပီး ပြန်ခိုင်းနီသည့်အပြင် စစ်ဖီးယှောင်စခန်းများကိုလေ့ ဖျက်သိမ်း လျက်ဟိသည်။
ယင်းသို့ ဖိအားပီးမှုကြောင့် တချို့စစ်ဖီးယှောင်များမှာ နီရပ်သို့ပြန်ရောက်လားခကေလေ့ ၎င်းရို့၏နီအိမ်တချို့မှာ လုံးဝပြို ကျပျက်စီးနီပြီး တချို့နီအိမ်များမှာလေ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လုံးဝပျက်စီး လား၍ နီစရာအိမ် မဟိဖြစ်နီကြောင်း နီရပ်ပြန်စစ်ဖီးယှောင်များက ပြောသည်။
စစ်ကောင်စီမှပီးလိုက်သည့်ငွေ ၆ သိန်းမှာလေ့ အိမ်ဆောက်လုပ်ပြုပြင်ရန် လုံလောက်မှု မဟိသည့်အပြင် အိမ် ဆောက်ရန် တော၊တောင်သို့ လား၍ သစ်၊ဝါးခွတ်ရန်လေ့ မိုင်းနန့် စစ်လက်နက်အကြွင်းအကျန်များ အန္တရာယ်ကို စိုးရိမ်ကတ်ရသည်ဟု ဆိုသည်။
တချို့နီရပ်ပြန်စစ်ဖီးယှောင်များမှာ ဆွေမျိုးများ၏နီအိမ်များတွင် ကပ်၍နီထိုင်နီရပြီး အများစုကတော့ ယာယီတဲ အိမ်များ ဆောက်လုပ်၍ ခက်ခက်ခဲခဲနီထိုင်နီရကြောင်း သိရသည်။
စစ်ကောင်စီသည် ရက္ခိုင်ပြည်ဟိ စစ်ဖီးယှောင်များကို လုံခြုံရီးအာမခံချက်တစုံတရာမပီးဘဲ အတင်းအဓမ္မ နီရပ်ပြန်ခိုင်းနီ ပြီး လက်ဟိအချိန်အထိ စစ်ကောင်စီဖိအားပီးမှုကြောင့် နီရပ်ပြန်လားခရသည့် စစ်ဖီးယှောင်ဦးရေ တထောင် ကျော် ဟိပြီး ဖြစ်ကြောင်း သိဟိရသည်။