APM ၊ မာ့ချ် ၂၉ / ၂၀၂၃
မြန်မာပြည်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် KG+12 စနစ်သစ်ပညာရီးကို စတင်အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီ ပညာရီးဝန်ကြီးဌာနမှ သိရသည်။
KG+12 စနစ်သစ်ပညာရီးအရ သူငယ်တန်း KG အဆင့်မှစ၍ အထက်တန်း Grade 12 အထိတက်ရောက်ရမည် ဖြစ်ပြီး စာသင်နှစ်စုစုပေါင်း ၁၃ နှစ် ဖြစ်လားမည်ဖြစ်သည်။
သူငယ်တန်း KG အဆင့်ပြီးပါက မူလတန်းအဆင့်အဖြစ် ပထမတန်း(Grade-1)မှ ပဥ္စမတန်း(Grade-5)အထိ ၅ နှစ် တက် ရောက်ရမည်ဖြစ်ပြီး ယင်းမှတဆင့် အလယ်တန်းအဆင့်ကို ဆဌမတန်း(Grade-6)မှ နဝမတန်း(Grade-9) အထိ ၄ နှစ် တက်ရောက်ရမည်ဖြစ်ကာ အထက်တန်းအဆင့်ကို ဒသမတန်း(Grade-10)၊ ဧကဒသမတန်း(Grade-11)နန့် ဒွါဒသမတန်း (Grade-12)အထိ ၃ နှစ်တက်ရောက်ရမည်ဟုဆိုသည်။
အယင်စာသင်နှစ်များတွင် Grade-11 ကို တက္ကသိုလ်ဝင်တန်းအဖြစ်သတ်မှတ်ခပြီး ဒေဂုစနစ်သစ်တွင် Grade-12 ကို တက္ကသိုလ်ဝင်တန်းအဖြစ်သတ်မှတ်ထားကာ Grade-12 စာသင်နှစ်၏ အောင်/ယှုံးပေါ်မူတည်ပြီး တက္ကသိုလ် ဆက်တက် ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
Source – Ministry of Education
Photo – Ministry of Education