APM ၊ မာ့ချ် ၂၉ / ၂၀၂၃
မြန်မာစစ်တပ်ကဖမ်းပြီး စစ်ပုန်ကန်မှုဥပဒေပုဒ်မ ၁၃၁ ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ရို့နန့်တရားစွဲ ခံထားရသည့် ကျောက်တော်မြို့နယ်မှ ဆန်စက်ပိုင်သျှင်တယောက်အမှုကို ဒေနိ(မာ့ချ် ၂၉ ရက်နိ)တွင် စစ်တွေမြို့ နယ်တရားရုံး၌ ရုံးထုတ် ခပြီး ဒေနိတွင်လေ့ တရားလို ထပ်မံပျက်ကွက်၍ မစစ်နိုင်ခဘဲ လာမည့် ဧပြီ ၅ ရက်နိသို့ ရုံးချိန်းထပ်ရွှိ လိုက်ရကြောင်း သိရ သည်။
ပုဒ်မနှစ်ခုနန့် တရားစွဲခံထားရသူဆန်စက်ပိုင်သျှင်မှာ ကျောက်တော်မြို့နယ်၊ ကာဒီရွာ (ခ)သဇင်ရွာမှ ဦးလှမောင် သန်း (၄၃နှစ်) ဖြစ်သည်။
အမှုကို ဒေနိတွင် စစ်တွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခကေလေ့ မြန်မာစစ်တပ်ဖက်မှ တရားလိုထပ်မံပျက်ကွက်ခ၍ လာမည့် ဧပြီ ၅ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ရကြောင်း မိသားစုဝင်များက ပြောသည်။
ဦးလှမောင်သန်းကို ကုန်ခသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂ ရက်နိက ကန်စောက်အခြီစိုက် မြန်မာစစ်တပ် ခမရ (၅၃၉) တပ်ရင်းမှူးမှ ဖုန်းဆက်ခေါ်၍ လားရောက်ရာမှ ပြန်မလွှတ်ဘဲ ဖမ်းဆီးထားလိုက်ခြင်း ဖြစ်သည်။
ယင်းနောက် ဦးလှမောင်သန်းကို ကနဦး ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုခပြီး ရုံးထုတ်စစ်ဆီးနီစဥ်အတွင်းမှာပင် ပုဒ်မ ၁၃၁ နန့်ပါ ထပ်တိုးတရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
လက်ဟိတွင် ဦးလှမောင်သန်းကို စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းချုပ်နှောင်ထားပြီး ယင်းသို့ အကြောင်း အမျိုးမျိုးဖြင့် ရုံးချိန်းထပ်ရွှိနီရသည်မှာ ဒေဂုတကြိမ်ဆိုလျှင် (၉) ကြိမ်မြောက်ဖြစ်ကြောင်း သိဟိရသည်။