APM၊ ဂျုန် ၂၉ / ၂၀၂၃
ဒေနိ(ဂျုန် ၂၉ ရက်နိ) တွင်ကျရောက်သည့် မြန်မာနိုင်ငံအမှန်တရားနန့် တရားမျှတသောအမျိုးသားပါတီ (Myanmar National Truth and Justice Party-MNTJP) တည်ထောင်ခြင်း (၁၀)နှစ်ပြည့်နှစ်ပတ်လည်နိသို့ ညီနောင်မဟာမိတ်များ ဖြစ် ကတ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော် (PSLF/TNLA)နန့် ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ရို့က ဂုဏ်ပြုသဝဏ်လွှာ ပီးပို့လိုက်ကြောင်း သိရသည်။
သဝဏ်လွှာ၌ “၂၀၁၃ ခုနှစ်၊ ဂျုန် ၂၉ ရက်နိတွင် အဖွဲ့ဝင် (၃၆) ဦးဖြင့် စတင်ဖွဲ့စည်း တည်ထောင်ခသော MNTJP သည် ဒေနိ (၂၀၂၃ ခုနှစ်၊ ဂျုန် ၂၉ ရက်နိ)တွင် (၁၀) နှစ် တင်းတင်းပြည့်မြောက်ခပြီး ဖြစ်ပါသည်။ ပါတီတခုအနီနန့် (၁၀) နှစ်တာ ကာလ ကို အခက်အခဲ၊ အတားအဆီးအမျိုးမျိုးကြားမှ ကျော်ဖြတ်နိုင်အောင်ပဲ့ကိုင်ဦးဆောင်ခကတ်သော ကိုးကန့်ဂေါင်းဆောင်ကြီး ဦးဖုန်ကြားသျှင်နန့်တကွ မျိုးဆက်အလိုက် ဂေါင်းဆောင်များ၏ စွမ်းဆောင်ရည်ကို မိမိရို့ ညီနောင်မဟာမိတ်နှစ်ဖွဲ့မှ အသိ အမှတ်ပြု ဂုဏ်ပြုအပ်ပါသည်”ဟုဖော်ပြထားသည်။
ယင်းအပြင် ကျယ်ပြန့်သောအတွေးအခေါ်ဟိပြီး အများအတွက် စဉ်းစားပီးကာ မဟာမိတ်အဖွဲ့အစည်း၊ မိတ်ဖက် အဖွဲ့အ စည်းများအပေါ် စာနာနားလည်မှု အပြည့်အဝပီးနိုင်သော MNTJP ပါတီ မှ ညီနောင်မဟာမိတ်နှစ်ဖွဲ့အပေါ် ဟိခဖူးသော တော်လှန်ရီးကျေးဇူးတရားများကို အမြဲအမှတ်ရစီပြီး ၎င်းလူမျိုးများနန့် ၎င်းရို့အဖွဲ့အစည်းမှ အမြဲတမ်းကျေးဇူးတင်ဟိနီ မည်ဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်ပီသစွာဖြင့်စစ်ရီး၊ နိုင်ငံရီး၊ မဟာမိတ်ရီးရာ ကဏ္ဍများတွင် အယင်နည်းတူ ဆက်လက် ပူးပေါင်း ဆောင်ရွက်လားမည်ကြောင်းနန့် ညီနောင်မဟာမိတ် (၃) ဖွဲ့အကြားတွင်ဟိသော ချစ်ခင်မှု၊ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ တန်ဖိုးထားမှုများမှာ အခြားသော အဖွဲ့အစည်းများမှ အတုယူလေးစားရသောကြောင့် ဤသည်ကိုဆက်လက်ခိုင်မြဲသည်ထက် ခိုင်မြဲအောင် ဆောင်ရွက်လားဖြစ်ကြောင်းလေ့ သဝဏ်လွှာကဆိုသည်။
ဂုဏ်ယူဖွယ်ရာများနန့် ပြည့်နှက်နီသော MNTJP ပါတီ၏ (၁၀) နှစ်ပြည့် နီထူးနီမြတ် အခါသမယနီရက်၌ ပါတီ၏ နိုင်ငံရီး ရည်မှန်းချက်များ အချိန်တိုတိုအတွင်း အယင်ဆုံး ပြည့်ဝနိုင်ပါစီကြောင်း၊ MNTJP ပါတီနန့် ကိုးကန့်လူမျိုးများမျှော် လင့်နီ သော အိမ်မက်များ အယင်ဆုံးပြည့်ဝပါစီကြောင်းနန့် ပါတီအနီဖြင့် ယခုထက် ကြီးပွားတိုးတက်အောင်မြင်နိုင်ပါစီ ကြောင်း လေ့ PSLF/TNLA နန့် ULA/AA ရို့က ၎င်းရို့၏ ဂုဏ်ပြုသဝဏ်လွှာ၌ ဆုမွန်ကောင်း တောင်းပီးထားသည်ကို တွိရသည်။