
(အာရက္ခတပ်တော်နန့် အချိန်မီ ထိတွိဆက်ဆံရီးမလုပ်ကေ ကုန်းတွင်းပိတ်မဟုတ်တေ ရက္ခိုင်ပြည်ရေ နိုင်ငံတကာနန့် ဆက်ဆံရီး ထူထောင်လားဖို့ ဟိနီကြောင်း သတိပီး)
APM၊ ဒီဇမ်ဘာ ၂၉/ ၂၀၂၄
ဘင်္ဂလားဒေ့ချ်-ရက္ခိုင်နယ်စပ် ၂၇၁ ကီလိုမီတာအပါအဝင် ရက္ခိုင်ပြည်တခုလုံးနီးပါး သိမ်းပိုက်ထိန်းချုပ်ထားရေ အာရက္ခတပ်တော် (AA) နန့် သံတမန်ဆက်ဆံရီးလုပ်ဖို့ ဘင်္ဂလားဒေ့ချ်အစိုးရကို ဘင်္ဂလားဒေ့ချ်လုံခြုံရီးအကြံပီးတိ၊ သံတမန်ဟောင်းတိနန့် ပညာသျှင်တိက ဒီဇမ်ဘာ ၂၈ ရက်နိမာ တောင်းဆို တိုက်တွန်းလိုက်ပါရေ။
ရက္ခိုင်-ဘင်္ဂလားဒေ့ချ်နယ်စပ်ဟိ ကုန်သွယ်ရီးမြို့တော် မောင်တောမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် ဘင်္ဂလားဒေ့ချ်ငြိမ်းချမ်းရီးနန့် လုံခြုံရီးလေ့လာရီးဌာန (BIPSS) က ကြီးမှူးလို့ ရက္ခိုင်-ဘင်္ဂလားဒေ့ချ် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ဒါကာမြို့တော်မာ ဒီဇမ်ဘာ ၂၈ ရက်နိက ကျင်းပ ပြုလုပ်တေခါ ဒေဂုပိုင် တောင်းဆိုတိုက်တွန်းခကတ်စွာဖြစ်ပါရေ။
BIPSS ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း မူနီရူဇာမန် ဦးဆောင်ရေယင်းဆွေးနွေးပွဲသို့ မြန်မာပြည်ဆိုင်ရာ ကာကွယ်ရီးသံမှူးဟောင်း၊ လစ်ဗျားနိုင်ငံ သံအမတ်ကြီးဟောင်းနန့် East-West University က လက်ထောက်ပါမောက္ခ Parvez Karmim Abbasi ရို့ တက်ရောက်ခကတ်ပါရေ။
“ဘင်္ဂလားဒေ့ချ်အစိုးရအနီနန့် အာရက္ခတပ်တော်(AA)နန့် သံတမန်နည်းအရ ထိတွိဆက်ဆံဖို့အချိန်တန်နီပါယာ။ ဇာဖြစ်လို့လေးဆိုကေ ဒေကိစ္စက လုပ်ထုံးလုပ်နည်းတခုဖြစ်နီလို့ပါ” လို့ အဆိုပါ ဆွေးနွေးပွဲမာ ပါမောက္ခ Parvez Karmim Abbasi က ပြောကြားခပါရေ။
ဘင်္ဂလားဒေ့ချ်အစိုးရအနီနန့် အာရက္ခတပ်တော်ကို အစိုးရအဖြစ် တိုက်ရိုက်ဆက်ဆံလို့မရဆိုကေတောင် ထိတွိဆက်ဆံဖို့ ဖြစ်နိုင်ခြေဟိရေ လမ်းကြောင်းတိအားလုံးကို ရှာဖွီသင့်ရေလို့ သူက အကြုံပြုပြောကြားခပါရေ။
အလားတူ BIPSS ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဟောင်း မူနီရူဇာမန်ကလည်း ဘင်္ဂလားဒေ့ချ်အစိုးရအနီနန့် ရက္ခိုင်ပြည်အတွင်း ယှုပ်ထွီးရေ အခြေအနီတိ ကို ဖြီယှင်းဖို့ ယှင်းလင်းရေ မဟာဗျူဟာတရပ်ချမှတ်သင့်ပါကြောင်း၊ အာရက္ခတပ်တော်နန့် အချိန်မီဆက်ဆံရီးမထူထောင်နိုင်ကေ ရက္ခိုင်ပြည်က ကုန်းတွင်းပိတ်နိုင်ငံမဟုတ်တေအတွက် ရီလမ်းကြောင်းကတဆင့် ပြင်ပအဆက်အသွယ်တိ ထူထောင်ဖို့ဟိနီကြောင်း သတိပီးထားပါရေ။
အိန္ဒိယနိုင်ငံအနီနန့် မြန်မာစစ်တပ်နန့် နီးကပ်တေ ဆက်ဆံရီးဟိနီကေလေ့ အာရက္ခတပ်တော်နန့် ထိတွိဆက်ဆံဖို့ဗျူဟာကို ပြန်ညှိနီရေလို့ အိန္ဒိယနိုင်ငံ၏ ချဉ်းကပ်မှုကိုပါ ဘင်္ဂလားဒေ့ချ်ဗိုလ်မှူးချုပ်ဟောင်းက ထောက်ပြပါရေ။
ယင်းအပြင် အာရက္ခတပ်တော်နန့် ထိတွိဆက်ဆံမှုရေ ဘင်္ဂလားဒေ့ချ်အတွက် အလားအလာကောင်းတိဖြစ်စီပြီးကေ၊ လုံခြုံရီးရာမက စီးပွားရီးအကျိုးစီးပွားကိုပါ အကျိုးပြုနိုင်ကြောင်း၊ ရက္ခိုင်ပြည်ကို အာရက္ခတပ်တော် ထိန်းချုပ်စွာရေ ဘင်္ဂလားဒေ့ချ်အတွက် မဟာဗျူဟာမြောက် အခွင့်အလမ်းတိကို ဖော်ဆောင်ပီးနိုင်ကြောင်း လည်း သူက သုံးသပ်ပြောကြားလားခပါရေ။
Source – Dhaka needs to cope with new situation in Myanmar border, experts/ BSS NEWS
- Situation in Myanmar Border: Dhaka needs to engage with Arakan Army/ The Daily Star
Photo – BSS
