APM ၊ ဒီဇမ်ဘာ ၂၉ / ၂၀၂၃
ဒီဇမ်ဘာ ၂၈ ရက်နိ၊ ညဇာ ၈ နာရီခွဲအချိန် ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တဘုံ စေတီကုန်းမာ အခြီချထားရေ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၂၂) လက်အောက်ခံ၊ ခမရ(၂၀၉) တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ယောက်သီဆုံးလားပြီးကေ၊ ၄ ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရလားကြောင်း သိရပါရေ။
သီဆုံးလားလူတိမာ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်(မူဆလင်)ရွာက ဦးဇာဖော့(၆၀နှစ်)၊နန့် သူ၏သား/သမီးတိဖြစ်ကတ်တေ ကိုမာမောက်တာမီ(၂၅နှစ်)၊ ကိုဆွေတာမီ(၁၈နှစ်)နန့် မအာဂျီတာ (၁၄နှစ်) ဖြစ်ပြီးကေ ဒဏ်ရာရလူတိမာလည်း ဦးဇာဖော့၏ သား/သမီးတိဖြစ်တေ မမာဂျီတာ(၁၀ နှစ်)၊ သားဖြစ်သူ မောင်ရော်ဖီး(၇နှစ်)နန့် တရွာတည်းနီ ဦးချောင်းချူအာလောင်၏သား မောင်တောဟ(၁၅နှစ်)၊ နောက်ထပ် အသက် ၃၀ အရွယ်အမျိုးသားတယောက်ပါဝင်ကြောင်းသိရပါရေ။
ဒီဇမ်ဘာ ၂၈ ရက်နိ၊ ညဇာ ၈ နာရီခွဲလောက်ကစပနာ ယင်းသုံးဆယ့်တဘုံးစေတီကုန်းအခြီစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ(၂၀၉) တပ်ရင်းက စေတီတောင်ရွာနန့် အပါးဟပ်စပ်ရပ်ရွာတိကို ဦးတည်ပြီးကေ လက်နက်ကြီးတိနန့် အကြိမ်(၂၀) နီးပါး ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်ခရေလို့ ဒေသခံတိကပြောပါရေ။
ယင်းပိုင် ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်တိထဲက တလုံးစွာ ဦးဇာဖော့၏ အိမ်ထဲကို တိုက်ရိုက်ကျ ရောက်ပေါက်ကွဲခပြီးကေ အိမ်တဆောင်လုံး မီးလောင်ပြာကျလားပနာ အိမ်ထဲမာ အိပ်နီရေ မိသားစုဝင် ၆ ယောက်ထဲက ၄ ယောက်သီဆုံးလားရေလို့ ဆိုပါရေ။
ယင်းသီဆုံးလားရေ လူ ၄ ယောက်ထဲက ဦးဇာဖော့တယောက်ရာ အလောင်းရလိုက်ပြီးကေ ကျန်လူ ၃ ယောက်စွာ အားလုံးမီးထဲပါလားရေလို့ သိရပါရေ။
ယင်းအပြင် မမာဂျီတာ (၁၀နှစ်)နန့် မောင်ရော်ဖီး(၇နှစ်)ရို့မာလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရလားရေပိုင် အပါးဟပ်စပ်အိမ်က မောငတော်ဟ နန့် နောက်ထက် အသက် ၃၀ အရွယ်အမျိုးသားတယောက်မာလည်း ထိခိုက်ဒဏ်ရာတိရလားပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်AAနန့် စစ်ကောင်စီတပ်ရို့နိုဗမ်ဘာ ၁၃ ရက်နိက တကျော့ပြန်တိုက်ပွဲတိစတင်ပြီးနောက် ပိုင်း စစ်ကောင်စီစွာ အရပ်သားပြည်သူတိနီထိုင်ရာ မြို့ရွာတိကို လက်နက်ကြီး၊လက်နက်ချေတိ၊ စစ်သင်္ဘော၊ဒရုန်း၊ရဟတ်ယာဉ်၊ တိုက်လီယာဉ်တိနန့် ရည်ရွယ် ချက်ဟိဟိ နိစဉ်နိတိုင်း ယမ်းကား ပစ်ခတ်တိုက်ခိုက်လို့ဟိနီပါရေ။
ဒီဇမ်ဘာ ၂၈ ရက်နိတရက်တည်းမာပင် မြောက်ဦးနန့် ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးယမ်းကားပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၇ ယောက်သီဆုံးလားရပြီးကေ၊ ၂၁ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရဟိလားကြောင်း သိဟိရပါရေ။