
APM ၊ ဒီဇမ်ဘာ ၂၉ / ၂၀၂၂
မြန်မာစစ်တပ် ဖမ်းဆီးလားခပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နန့် တရားရင်ဆိုင်နီရသည့် မင်းပြား ဒေသခံ ၁ ယောက်အမှုကို အမိန့်ချရန်အဆင်သင့်မဖြစ်သိမ့်ဟုအကြောင်းပြကာ လာမည့် ဂျန်နဝါရီ ၅ ရက်နိသို့ ထပ်မံ ရုံးချိန်းရွှိလိုက်ကြောင်း သိရသည်။
ရုံးချိန်းရွှိဆိုင်းခံလိုက်ရသည့် ပုဒ်မ ၁၇(၁)ဖြင့် တရားရင်ဆိုင်နီရသူမှာ စစ်တွေမြို့ ရွှေပြားရပ်ကွက်နီ ကိုးစင်ကြယ် ဆောက်လုပ်ရီး ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်နီသူ မင်းပြားမြို့နယ်၊ ငှက်ရဲကောက်ရွာသား ဦးသိန်းဇော် (၃၂နှစ်) ဖြစ်သည်။
အမှုကို ဒေနိ(ဒီဇမ်ဘာ ၂၉ ရက်နိ) အပြီးသတ်အမိန့်ချရန် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ အဆင်သင့် မဖြစ်သိမ့်ဟုဆိုကာ လာမည့် ဂျန်နဝါရီ ၅ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်သည်ဟု မိသားစုဝင်များက ဆိုသည်။
ကုန်ခသည့် ဂျန်နဝါရီ ၂၁ ရက်နိ၌ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက စစ်ဆီးမိန်းမြန်းစရာဟိသည်ဟုဆိုကာ ဦးသိန်း ဇော်အား စစ်တွေမြို၊ ရွှေပြားရပ်ကွက်ဟိ ၎င်း၏နီအိမ်၌ လာရောက်ဖမ်းဆီးလားခသည်။
ယင်းနောက် မြန်မာစစ်တပ်သည် ဦးသိန်းဇော်ကို ရက္ခိုင့်တပ်တော် AA နန့် ဆက်သွယ်သည်ဟု မတရားစွပ်စွဲ၍ ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး။ အပြီးသတ်အမိန့်ချရမည့်အဆင့်တွင်စစ်တွေ မြို့နယ်တရားသူကြီးက ဥပဒေကိုလက်တလုံးခြားလုပ်ကာ အဂုကဲ့သို့ အကြောင်းအမျိုးမျိုးပြလျက် ရုံးချိန်းများ ရွှိဆိုင်းနီခြင်း ဖြစ်သည်။
လက်ဟိ ဦးသိန်းဇော် တရားရင်ဆိုင်နီရသည်မှာ ၁၀ လခန့်ကြာမြင့်နီပြီးဖြစ်သည့်အပြင် အမိန့်မချဘဲ ရုံးချိန်းများ အကြိမ်ကြိမ်ရွှိဆိုင်းနီသည်မှာလေ့ ၁၀ ကြိမ်ထက် မနည်းဟိလာနီသည့်အတွက် အမှုကို အယင်ဆုံး အမိန့်ချမှတ် ပီးရန် မိသားစုဝင်များက လိုလားနီကတ်သည်။
Photo – CJ
