
APM ၊ ဒီဇမ်ဘာ ၂၉ / ၂၀၂၂
ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇမ်ဘာ ၂၅ ရက်နိမှ စတင်ဖြစ်ပွားခသည့် မိုးကြီးရီလျှံဖြစ်စဉ်အတွင်း လူ ၂၉ ယောက် သီဆုံးပြီး၊ ၂၅ ယောက် ပျောက်နီကြောင်း ဖိလစ်ပိုင်အမျိုးသားသဘာဝဖီးအန္တရာယ်တုံ့ပြန်ရီးအေဂျင်စီက ဒီဇမ်ဘာ ၂၈ ရက်နိ တွင် ပြောကြားသည်။
သီဆုံးသူအများစုမှာ ရီမြုပ်ခြင်းကြောင့်ဖြစ်ပြီး၊ ပျောက်ဆုံးသူများမှာ လှီတိမ်းမှောက်သည့်ရီလုပ်သားများဖြစ်သည်။
သီဆုံးသူ ၂၉ ယောက်အထဲမှ ၁၈ ယောက်မှာ မြောက်ပိုင်းမင်ဒါနာအိုဒေသမှ ဖြစ်ပြီး၊ ပျောက်ဆုံးနီသူ ၂၅ ယောက် အထဲမှ ၁၂ ယောက်မှာ ဖိလစ်ပိုင်အလယ်ပိုင်း Eastern Visayas မှ ဖြစ်ကြောင်းလေ့ အေဂျင်စီက ဆိုသည်။
ဒီဇမ်ဘာ၂၅ရက်နိမှစ၍ မိုးပြင်းပြင်းထန်ထန်ရွာသွန်းမှုကြောင့် မြို့များ၊ကျေးရွာများနန့်အဝီးဗြီးလမ်းမများ ရီနစ်မြုပ် ခပြီး၊ လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ဗြီးခရကာ၊ ဒေနိဒီဇမ်ဘာ ၂၉ ရက်နိအထိ လူပေါင်း ၈ သောင်း ၆ ထောင်ကျော် အရေးပေါ်ကယ်ဆယ်ရီး အဆောက်အအုံများတွင် ခိုလှုံနီရဆဲ ဖြစ်သည်။
မိုးကြီးရီလျှံမှုကြောင့် အိမ်ခြီ ၃၂၀၀ ကျော်ပျက်စီးခပြီး၊ လမ်းတန်းထားများပျက်စီးကာ၊ လျှပ်စစ်မီးပြတ်တောက်မှုနန့် ရီပြတ်လပ်မှုများကိုပါ ရင်ဆိုင်နီရသည်ဟု သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အခံရဆုံးနိုင်ငံများအထဲမှ တနိုင်ငံဖြစ်ပြီး၊ ကမ္ဘာကြီးပူနွီးလာ သည်နန့်အမျှ မုန်တိုင်းဒဏ်ကို ပို၍ခံရမည်ဟု သိပ္ပံပညာသျှင်များက သတိပီးထားသည်။
Photo – AFP
